(ပြည်တွင်း) ဧပြီ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်သည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457) သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

စစ်ရေယာဉ် ရောက်ရှိလာစဉ် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိများ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ စစ်ရေယာဉ်ကို ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Captain Natthawat Wichakul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ဧပြီလ ၄ ရက်အထိ ငါးရက်ကြာ နေထိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း အဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းများ ပြုလုပ်မည်ဖြစ်သလို နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရေးအားကစားပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#PAN