အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်နိုင်ခြေနှင့် အမေရိကန်၏ စစ်ရေးပြင်ဆင်မှုများ

(နိုင်ငံတကာသတင်းဆောင်းပါး) မတ် ၂၅

     အမေရိကန်ပြည်ထောင်စုနှင့် ဒေသတွင်း ကြားဝင်စေ့စပ်ပေးသူများသည် အီရန်နိုင်ငံနှင့် အဆင့်မြင့် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆွေးနွေးလျက်ရှိပြီး အဆိုပါဆွေးနွေးပွဲများကို လာမည့် ကြာသပတေး နေ့ကဲ့သို့ စောစီးစွာပင် ကျင်းပနိုင်ခြေရှိကြောင်း၊ သို့သော်လည်း တီဟီရန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ် ကြောင်း ဆွေးနွေးမှုများအကြောင်း သိရှိသည့် သတင်းမြစ်နှစ်ခုကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြခဲ့သည်။

     အီရန်တာဝန်ရှိသူများကမူ သီးသန့်နောက်ကွယ်တွင် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဆိုသော ထရန့်၏ ပြောကြားချက်ကို လက်ရှိတွင် ငြင်းဆိုထားသော် လည်း အမေရိကန်ထံမှ သတင်းစကားများနှင့် အဆိုပြုချက်များ ပေးပို့လာသည်ကိုမူ အတည်ပြုထားသည်။

     အီဂျစ်၊ တူရကီတို့နှင့်အတူ တီဟီရန်နှင့် ဝါရှင်တန်အကြား သတင်းစကားများကို ကြားခံပေးပို့ပေးနေသည့် ပါကစ္စတန်နိုင်ငံကမူ နှစ်နိုင်ငံလုံးက သဘောတူညီပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လက်ခံကျင်းပပေးရန် “အဆင်သင့်ရှိပြီး ဂုဏ်ယူမိမည်ဖြစ် ကြောင်း” ပြောကြားခဲ့သည်။ ထရန့်က ပါကစ္စတန်၏ အဆိုပါသတင်းစကားကို Truth Social တွင် ပြန်လည်မျှဝေခဲ့သည်။

      အကယ်၍ ထိပ်သီးအစည်းအဝေး အစီအစဉ်များ ဆက်လက်ဆောင်ရွက်ဖြစ်ပါက ဒုတိယသမ္မတ ဗန့်စ် (Vance) ပါဝင်ပတ်သက်လာဖွယ် ရှိသည်။ “ဒါပေမဲ့ ပါဝင်ဆောင်ရွက်စရာ တစ်ခုခု တကယ်ရှိ၊ မရှိဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အားလုံးက ဒါဟာ တကယ်ဖြစ်လာမှာလားဆိုတာကို သိနိုင်ဖို့ ကြိုးစားနေကြတုန်းပါပဲ” ဟု အကြောင်းစုံသိရှိသည့် သတင်းမြစ်တစ်ခုက ဆိုသည်။

     အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားချက်အရ အီရန်အစိုးရအတွင်း၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေပြီး ပြည်တွင်း ဆက်သွယ်ညှိနှိုင်းမှုများတွင် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။

     အမေရိကန်ပြည်ထောင်စုနှင့် ဒေသတွင်း ကြားဝင်စေ့စပ်ပေးသူ အဖွဲ့တစ်ဖွဲ့တို့သည် အီရန်နိုင်ငံနှင့် အဆင့်မြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လာမည့် ကြာသ ပတေးနေ့ကဲ့သို့ စောစီးစွာ ကျင်းပနိုင်ခြေရှိရန် ဆွေးနွေးလျက် ရှိကြသည်။ သို့သော်လည်း တီဟီရန်ဘက်မှ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း အဆိုပါ ဆွေး နွေးမှုများအကြောင်း သိရှိနားလည်သည့် သတင်းမြစ်နှစ်ခုက Axios သို့ ပြောကြားခဲ့သည်။

အဘယ်ကြောင့် အရေးကြီးသနည်း

    သမ္မတ ထရန့်သည် စစ်ပွဲကို အဆုံးသတ်ရန် စိတ်ဝင် စားနေသော် လည်း ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ ထိန်းချုပ်ထားနိုင်မှုက စစ်ပွဲမှ ထွက်ခွာနိုင်မည့် မည်သည့် မဟာဗျူဟာကိုမဆို ပိုမို ခက်ခဲရှုပ်ထွေးစေသည်။ အမေရိကန်သည် စစ်ပွဲကို အဆုံး သတ်ရန် အချက် ၁၅ ချက်ပါဝင်သော အစီ အစဉ်ကို အစ္စရေးနှင့် မျှဝေထားပြီး အဆိုပါ အစီအစဉ်ပါ အဓိကအချက် အများစုကို အီရန်က သဘောတူညီခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ထိုကဲ့သို့ သဘော တူညီမှု ရရှိခြင်းနှင့် ပတ်သက်၍ ခိုင်လုံသော သက် သေအထောက် အထား တစ်စုံတစ်ရာ မရှိသေးပေ။

     အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ ထရန့်အနေဖြင့် အစ္စရေး၏ ရည်မှန်းချက်များနှင့် များစွာကွာဟသော၊ များပြားသည့် အလျှော့ပေးမှုများ ပါဝင်သော၊ အီရန်အပေါ် တိုက်ခိုက်နိုင်စွမ်းကို ကန့် သတ်ထားသော သဘောတူညီချက်မျိုးကို ရရှိသွားမည်ကို စိုးရိမ်နေကြောင်း အစ္စရေးသတင်းမြစ် နှစ်ခုက ဆိုသည်။

     တတိယသတင်းမြစ်တစ်ခု၏ အဆိုအရ အစ္စရေးခေါင်းဆောင်များသည် အမေရိကန်က ပြောကြားနေသကဲ့သို့ အီရန်က အမှန်တကယ် အလျှော့ပေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့ခြင်း ရှိ၊ မရှိအပေါ် သံသယရှိနေကြသည်။

     သမ္မတ ထရန့်ကမူ အီရန်ခေါင်းဆောင် အများအပြားမှာ မရှိတော့သော်လည်း အမေရိကန်အနေဖြင့် “မှန်ကန်သော ပုဂ္ဂိုလ်များနှင့် စကားပြောဆိုလျက်ရှိပြီး ၎င်းတို့သည် သဘောတူညီချက်တစ်ခု ရရှိရန် အလွန် အမင်း ဆန္ဒရှိနေကြသည်” ဟု အင်္ဂါနေ့က သမ္မတရုံးခန်း (Oval Office) တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

     လက်ရှိအချိန်တွင် အီရန်တာဝန်ရှိသူများက နောက် ကွယ်၌ ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသည်ဟူသော ထရန့်၏ ပြောကြားချက်ကို ငြင်းဆိုထားသော်လည်း၊ အမေရိကန်ဘက်မှ သတင်းစကားများနှင့် အဆိုပြုချက်များ ပေးပို့လာသည်ကိုမူ အတည်ပြုထားသည်။

     အီဂျစ်၊ တူရကီတို့နှင့်အတူ တီဟီရန်နှင့် ဝါရှင်တန်အကြား သတင်းစကားများကို ကြားခံပေးပို့ပေးနေသည့် ပါကစ္စတန်နိုင်ငံကမူ နှစ်နိုင်ငံလုံးက သဘောတူညီပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လက်ခံကျင်းပပေးရန် “အဆင်သင့်ရှိပြီး ဂုဏ်ယူမိမည်ဖြစ် ကြောင်း” ပြောကြားခဲ့သည်။ ထရန့်က ပါကစ္စတန်၏ အဆိုပါသတင်းစကားကို Truth Social တွင် ပြန်လည်မျှဝေခဲ့ခြင်းမှာ ထိုကဲ့သို့သော ထိပ်သီးအစည်းအဝေးမျိုး ဖြစ်မြောက်လာစေရန် ၎င်း၏ စိတ်ဝင်စားမှုကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

     အကယ်၍ ထိပ်သီးအစည်းအဝေး အစီအစဉ်များ အတည်တကျ ဖြစ်လာပါက ဒုတိယသမ္မတ ဗန့်စ် (Vance) ပါဝင်ပတ်သက်လာဖွယ် ရှိသည်။ “ဒါပေမဲ့ ပါဝင်ဆောင်ရွက်စရာ တစ်ခုခု တကယ်ရှိ၊ မရှိဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အားလုံးက ဒါဟာ တကယ်ဖြစ်လာမှာလားဆိုတာကို သိနိုင်ဖို့ ကြိုးစားနေကြတုန်းပါပဲ” ဟု အကြောင်းစုံသိရှိသည့် သတင်းမြစ်တစ်ခုက ဆိုသည်။

သတင်းနောက်ကွယ်မှအချက်အလက်များ –

     အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားချက်အရ အီရန်အစိုး ရအတွင်း၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေပြီး ပြည်တွင်း ဆက်သွယ်ညှိနှိုင်းမှုများတွင် အခက်အခဲ ဖြစ်နေသည်ဟု ဆိုသည်။ အီရန်၏ အထွတ်အမြတ်ထားရာ ခေါင်း ဆောင်သစ် မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) ၏ မရေရာသော အခြေအနေကြောင့် ဆုံးဖြတ်ချက်ချမှတ်ရန် မည်သူ့တွင် လုပ် ပိုင်ခွင့်ရှိသည်ဆိုသည့်အပေါ် ပိုမို ဝေဝါးစေခဲ့သည်။

     တစ်ဖက်တွင်လည်း အီရန်တာဝန်ရှိသူ အချို့ကမူ ထရန့်သည် သံတမန်ရေးရာ တိုးတက်မှုများ ရှိနေသည်ဟု လုပ်ကြံပြောဆိုကာ စျေးကွက်များကို တည်ငြိမ်အောင် ပြုလုပ်ခြင်းနှင့် ၎င်း၏ စစ်ရေးအစီအစဉ်များအတွက် အချိန်ဆွဲနေခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။

      အမေရိကန်သည် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခ အရှိန်အဟုန် မြင့်မားလာမှုများအတွက်လည်း ရွေး ချယ်စရာ နည်းလမ်းများကို ပြင်ဆင်ထားသည်။ Fox News က စတင်ဖော်ပြခဲ့သည့်အတိုင်း အမေရိကန် ကြည်း တပ်၏ ၈၂ ခုမြောက် လေကြောင်းချီတပ်မ (82 nd Airborne Division) မှ ကွပ်ကဲမှုအဖွဲ့အား စစ်သည်ထောင်ပေါင်းများစွာ ပါဝင်သော ခြေလျင် တပ်မဟာတစ်ခုနှင့်အတူ အရှေ့အလယ်ပိုင်းသို့ စေလွှတ်ရန် ညွှန်ကြားထားကြောင်း အမေရိကန် အရာရှိတစ်ဦးက Axios သို့ ပြောကြားခဲ့သည်။

     ယင်းခြေလှမ်းသည် အမေရိကန်အနေဖြင့် ဖြစ်ပေါ် လာနိုင်သည့် ကြည်းကြောင်း စစ်ဆင်ရေးများအတွက် ပိုမို ကျယ်ပြန့်သော လုပ်ဆောင်နိုင်စွမ်းကို ရရှိစေမည် ဖြစ်သည်။

အသေးစိတ် အချက်အလက်များ

အမေရိကန်သည် စစ်ပွဲကို အဆုံးသတ်နိုင်မည့် သဘောတူညီချက်တစ်ခုအတွက် အချက် ၁၅ ချက်ပါဝင်သော အဆိုပြုချက်ကို အီရန်ထံ ပေးအပ်ခဲ့သည်။ အဆိုပါ အချက်များတွင် ပြီးခဲ့သည့်အကြိမ် ဂျနီဗာ နျူကလီးယား ဆွေးနွေးပွဲများအတွင်း အမေရိကန်က တောင်းဆိုခဲ့သည့် အချက်အများစု ပြန်လည်ပါဝင်နေကြောင်း အမေရိကန်နှင့် အစ္စရေး သတင်းမြစ်များက ဆိုသည်။

     အီရန်နိုင်ငံသည် ၎င်းတို့ စုဆောင်းထားသည့် သန့် စင်မှုမြင့်မားသော ယူရေနီယံ လက်ကျန်များကို စွန့် လွှတ်ရန် အပါအဝင် အဓိကအချက် အများအပြားကို သဘောတူညီခဲ့ကြောင်း အမေရိကန် စေလွှတ်ရေးအရာရှိ စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) က ထရန့်အား ပြောကြားခဲ့သည်ဟု အမေရိကန် သတင်းမြစ်တစ်ခုက Axios သို့ ပြောသည်။ ယင်းမှာ အလွန်ကြီးမား သော လိုက်လျောမှုတစ်ခု ဖြစ်လာနိုင်သော် လည်း တီဟီရန်ရှိ လုပ်ပိုင်ခွင့်ရှိသူ တစ်စုံတစ်ဦးက အမှန်တကယ် ကမ်းလှမ်းခဲ့ခြင်း ရှိ၊ မရှိမှာမူ ရှင်းရှင်း လင်းလင်း မရှိသေးပေ။

     “စတိဗ်နဲ့ ဂျာရက် (Jared) တို့ဟာ အီရန်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ခိုင်လုံတဲ့ လမ်းကြောင်းတစ်ခု ဖော်ဆောင်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာရယ်၊ သူတို့မှာ တကယ်ပဲ လက်တွေ့ကျပြီး ခိုင်မာတဲ့ ဆက်သွယ်ရေးလမ်းကြောင်း ရှိနေပြီလားဆိုတာကို ပြောဖို့တော့ စောလွန်းပါသေးတယ်” ဟု အဆိုပါ သတင်းမြစ်က ဆိုသည်။

အချက်အလက်များကိုခွဲခြမ်းစိပ်ဖြာကြည့်ခြင်း

     အမေရိကန်သည် ၎င်း၏ အချက် ၁၅ ချက်ပါဝင်သော အစီအစဉ်ကို အစ္စရေးထံသို့လည်း ပေးအပ်ခဲ့သည်။ အဆိုပါစာတမ်းပါ အချက်အလက်များသည် အစ္စရေး၏ ရပ်တည်ချက်များနှင့် ကိုက်ညီမှုရှိသော် လည်း၊ အီရန်အနေဖြင့် ထရန့်၏ တောင်းဆိုချက်အားလုံးကို သဘောတူညီလိမ့်မည်ဆိုသည့်အပေါ် အစ္စရေးဘက်က များစွာသံသယရှိနေကြောင်း အစ္စရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

     “ထရန့်အနေနဲ့ သူ့ရဲ့တောင်းဆိုချက်တချို့ကိုပဲ လိုက် လျောမှုရရင်တောင်မှ ကျန်တဲ့အချက်တွေကို နောက်မှဖြေရှင်းဖို့ ချန်ထားပြီး စစ်ပွဲကို ရပ်တန့်ဖို့ သဘောတူညီချက်တစ်ခု ဖြတ်လမ်းနည်းနဲ့ လုပ် ဆောင်သွားမှာကို စိုးရိမ်နေကြတာပါ” ဟု အခြားအစ္စရေးသတင်းမြစ်တစ်ခုက ဆိုသည်။

     အီရန်သည် ၎င်းတို့၏ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ လက်ကျန် ၄၅၀ ကီလိုဂရမ်ကို စွန့်လွှတ်ရန်၊ ကုလသမဂ္ဂ၏ ပိုမိုတင်းကျပ်သော စစ်ဆေးမှုများနှင့် နျူကလီးယားစခန်းများကို စောင့်ကြည့်မှုကို လက်ခံရန်၊ တာဝေးပစ် ဒုံးကျည်များ၏ အကွာအဝေးကို ကန့်သတ်ရန်နှင့် လက်ဝေခံအဖွဲ့အစည်းများအပေါ် ထောက်ပံ့မှုကို လျှော့ချရန် သဘောတူညီခဲ့ကြောင်း အမေရိကန်က အစ္စရေးတို့ကို ပြောကြားခဲ့သည်ဟု အဆိုပါသတင်းမြစ်က ဆိုသည်။

     ယင်းစာတမ်းတွင် အီရန်နိုင်ငံအတွင်း ယူရေနီယံသန့် စင်မှု လုံးဝမပြုလုပ်ရန် (Zero Enrichment) တောင်းဆိုထားကြောင်း အစ္စရေးသတင်းမြစ်တစ်ခုက ပြော သည်။ အီရန်ဘက်က ယူရေနီယံသန့်စင်မှုကို ရပ်ဆိုင်းထားရန် သဘောတူညီခဲ့သည်ဟု အမေရိကန်ဘက်က ဆိုသော်လည်း မည်မျှကြာအောင် ရပ်ဆိုင်းထားမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

     ထို့အပြင် အီရန်အစိုးရကိုယ်စား အဆိုပါ ကတိက ဝတ်များကို မည်သူက အမှန်တကယ် ပြုလုပ်ခဲ့သလဲဆိုသည်မှာလည်း မရေရာပေ။ အီရန်အစိုးရသည် ယခင်က အမေရိကန်၏ ယင်းကဲ့သို့သော တောင်း ဆိုချက်အများအပြားကို ပယ်ချခဲ့ဖူးပြီး၊ အစ္စရေးထောက် လှမ်းရေးကမူ အမေရိကန်နှင့် အီရန်တို့၏ ရပ်တည် ချက်များအကြား ကွာဟချက်ကြီးမားစွာ ရှိနေဆဲဖြစ်သည်ဟု ယုံကြည်ထားသည်။

စိတ်ဝင်စားဖွယ် နောက်ကွယ်ကဏ္ဍ

     အီရန်နှင့် ဆက်သွယ်ဆောင်ရွက်နေမှုများတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို ထရန့်အစိုးရအဖွဲ့၏ အမြင့်ဆုံးအဆင့် တာဝန်ရှိသူများကြားတွင်ပင် သိရှိသူ အလွန်နည်းပါးလှသည်။

     စတိဗ် ဝစ်ကော့ဖ် (Witkoff) နှင့် ဂျာရက် ကူးရှ်နာ (Kushner) တို့သည် ထရန့်နှင့် တိုက်ရိုက် စကားပြောဆိုနေကြခြင်းဖြစ်ပြီး၊ အခြားသူ အနည်းငယ်သာလျှင် ယင်းအကြောင်းကို သိရှိကြောင်း သတင်းမြစ်တစ်ခုက ဆိုသည်။

     အမေရိကန်နှင့် အီရန်တို့အကြား “တစ်ခုခုတော့ ဖြစ်ပျက်နေသည်” ဟု ယူဆရသည့် ထောက်လှမ်းရေးသတင်းများကို အစ္စရေးတို့က မကြာသေးမီရက်ပိုင်းအတွင်း စုဆောင်းရရှိခဲ့သော်လည်း၊ ယင်းထက် ပိုမိုတိကျသော အချက်အလက်များကိုမူ မသိရှိရသေးကြောင်း အစ္စရေးအရာရှိ နှစ်ဦးက ပြောကြားခဲ့သည်။

     ထရန့်က အီရန်နှင့် ဆက်သွယ်ဆောင်ရွက်နေမှုများအကြောင်း လူသိရှင်ကြား စတင်ပြောဆိုခဲ့သည့် တနင်္လာနေ့ ဝန်းကျင်တွင် ဒုတိယသမ္မတ ဗန့်စ်(Vance) က နေတန်ယာဟုထံသို့ အသေးစိတ် အချက်အလက်များကို ထပ်မံ အသိပေး ပြောကြားခဲ့သည်။

လက်ရှိအခြေအနေ

     အစ္စရေးသတင်းမြစ်တစ်ခုနှင့် သံတမန်ရေးရာကို သိရှိနားလည်သည့် အခြားသတင်းမြစ်တစ်ခု၏ အဆိုအရ အမေရိကန်သည် ယခုအပတ်အတွင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် ရှိ၊ မရှိနှင့် ပတ်သက်၍ အီရန်ဘက်မှ (ဖြစ်နိုင်ခြေမှာ ခါမေနီကိုယ်တိုင်ထံမှ) ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။

     အကယ်၍ ဆွေးနွေးပွဲဖြစ်မြောက်ခဲ့ပါက နှစ်ဖက်ကိုယ်စားလှယ်များအဖြစ် ဒုတိယသမ္မတ ဗန့်စ် (Vance)နှင့် အိမ်ဖြူတော်က အဆင့်မြင့်ဆုံး ကြားခံပုဂ္ဂိုလ်အဖြစ် ရှုမြင်ထားသည့် အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) တို့ တက်ရောက်မည်လား သို့မဟုတ် အောက်ခြေအဆင့် အရာရှိများသာ တက်ရောက်မည်လား ဆိုသည်မှာမူ ရှင်းလင်းစွာ မသိရသေးပေ။

     ကြားဝင်စေ့စပ်ပေးနေသည့် နိုင်ငံများအနက် တစ် နိုင်ငံက အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ယာယီအပစ်အခတ်ရပ်စဲရေးကို အဆိုပြုခဲ့သော်လည်း၊ ထရန့်အစိုးရအဖွဲ့ကမူ ၎င်းတို့၏ အသာ စီးရမှုကို ဆက် လက်ထိန်းထားနိုင်ရန်အတွက် လက်ရှိအချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း၌ပင် ဆွေးနွေးညှိနှိုင်းမှုကို ပြုလုပ်လိုသည့်ဘက်က ရှိနေကြောင်း အစ္စရေးအရာရှိ နှစ်ဦးက ဆိုသည်။

     အမေရိကန်နှင့် အစ္စရေးအရာရှိများသည် ဆွေးနွေးပွဲများ ဖြစ်မြောက်သည်ဖြစ်စေ၊ မဖြစ်မြောက်သည်ဖြစ်စေ နောက်ထပ် သီတင်းပတ် နှစ်ပတ်မှ သုံးပတ်ခန့်အထိ စစ်ပွဲ ဆက်လက်ဖြစ်ပွားနေဦးမည်ဟု တွက်ဆထားကြသည်။

      အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လဲဗစ် (Karoline Leavitt) က ထုတ်ပြန်ချက်တစ်ခုတွင် “သမ္မတ ထရန့်နှင့် ၎င်း၏ ဆွေးနွေးညှိနှိုင်းရေးမှူးများသည် သံတမန်ရေးရာ လမ်းစသစ်များကို ရှာဖွေနေကြသော်လည်း၊ စစ်သေနာပတိချုပ်နှင့် ပင်တဂွန်စစ်ဌာနချုပ်တို့က ချမှတ်ထားသည့် စစ်ရေးရည်မှန်းချက်များ အောင်မြင်စေရန်အတွက် Operation Epic Fury စစ်ဆင်ရေးကိုမူ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ရှေ့ဆက်ဖြစ်ပေါ်လာနိုင်ခြေများ

    အိမ်ဖြူတော်အရာရှိတစ်ဦးက လက်ရှိအခြေအနေကို “ပြောင်းလဲမှု မြန်ဆန်နေဆဲ” ဟု ဖော်ပြခဲ့ပြီး၊ ထရန့်အနေဖြင့် သဘောတူညီချက်တစ်ခု ရ၊ မရကို ကြည့်လိုသော်လည်း “အကယ်၍ မရခဲ့ပါက ၎င်းတို့ကို ဗုံးကြဲတိုက်ခိုက်သည့် အစီအစဉ်သို့ ပြန်သွားမည်ဖြစ်သည်” ဟု ဆိုသည်။

    ထရန့်သည် အီရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ရန် စီစဉ်ထားသည့် အစီအစဉ်ကို ဆိုင်းငံ့ထားသော်လည်း လာမည့် သောကြာနေ့အထိသာ ဖြစ်သည်။

     အမေရိကန်သည် သံတမန်ရေးရာ လမ်းစများကို စမ်းသပ်ရှာဖွေနေသကဲ့သို့ တစ်ဖက်တွင်လည်း မြေပြင်ခြေလျင်တပ်များ စေလွှတ်နိုင်ခြေ အပါအဝင် စစ်ရေးအရ အရှိန်မြှင့်တင်နိုင်မည့် ရွေးချယ်စရာ နည်းလမ်းများကိုပါ ပြင်ဆင်နေသည်။ လာမည့် သောကြာ နေ့သည် စစ်ပွဲ ငြိမ်းချမ်းရေးသို့ ဦးတည်မည်လား သို့မဟုတ် ပိုမိုကြီးမားသော တိုက်ခိုက်မှုများ ဖြစ်ပေါ် လာမည်လား ဆိုသည်ကို အဆုံးအဖြတ်ပေးမည့် နေ့တစ်နေ့ ဖြစ်လာမည် ဖြစ်သည်။

​#PositiveAngleNews #US #Iran #MiddleEastConflict #Trump #Vance #Netanyahu #WorldNews #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN