ကုန်တင်မော်တော်ယာဉ် နှစ်စီးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်နဲ့ ပစ်ခတ်ရာ ၄ဦးဒဏ်ရာရ

(ပြည်တွင်း) မတ်လ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးတွင် ကုန်တင်မော်တော်ယာဉ် နှစ်စီးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 မတ်လ ၁၈ရက် မွန်းလွဲ ၂နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် နေသူများဖြစ်ကြသည့် ဦးဖိုးခွား (ခ) စောတာပလူထူး (၃၄)နှစ် မောင်းနှင်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးသီရိကျော် (၂၈)နှစ် လိုက်ပါလာသည့် ၁၂ ဘီး ကုန်တင်မော်တော်ယာဉ်နှင့် ဦးမင်းမင်းစိုး (၃၆)နှစ် မောင်းနှင်ပြီး ကိုသော်ဇင်ကိုကို (၂၁)နှစ် လိုက်ပါလာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တို့သည် မြိတ်မြို့မှ ကော့သောင်းမြို့ဘက်သို့ ပြည်ထောင်စုလမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး အရောက်၌ အကြမ်းဖက် PDF အဖွဲ့ဝင်တွေက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ အကြမ်းဖက် PDF အဖွဲ့က သေနတ်နှင့် ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်နှစ်စီးပေါ်တွင် လိုက်ပါလာသည့် ဦးဖိုးခွား (ခ) စောတာပလူထူး၊ ဒေါ်အေးသီရိကျော်၊ ဦးမင်းမင်းစိုးနဲ့ ကိုသော်ဇင်ကိုကိုတို့မှာ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

  သေနတ်ထိမှန် ဒဏ်ရာရရှိသူ ၄ဦးအား တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။