“တီဟီရန်မှာ နိုင်နေပေမဲ့ ဂျေရုဆလင်မှာ ရှုံးနေတယ်” ဟု အစ္စရေးအစိုးရကို ကာကွယ်ရေးဝန်ကြီးဟောင်း ပြင်းထန်စွာ ဝေဖန်

(နိုင်ငံတကာ)မတ် ၁၇

     အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း Benny Gantz က လက်ရှိ နေတန်ယာဟုအစိုးရသည် အီရန်ကို ရင်ဆိုင်ရာတွင် အသာစီးရနေသော်လည်း ပြည်တွင်းတည်ငြိမ်ရေးနှင့် လက်ရှိစစ်ရေးဗျူဟာများတွင်မူ ကျရှုံးနေကြောင်း ပြတ်သားစွာ ပြောကြားလိုက်သည်။

     အစ္စရေး၏ စစ်ရေးနှင့် နိုင်ငံရေးအခင်းအကျင်းတွင် သြဇာညောင်းသူတစ်ဦးဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဟောင်း Benny Gantz က လက်ရှိနေတန်ယာဟုအစိုးရ၏ စစ်ရေးဦးတည်ချက်ကို ပြင်းပြင်းထန် ထန် ဝေဖန်လိုက်ခြင်းဖြစ်ပြီး လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာများကို အမြစ်ပြတ်ချေမှုန်းရန် ဗျူဟာအသစ်တစ်ခုကို တောင်းဆိုလိုက်သည်။

     အစ္စရေးသည် အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် ထောက်လှမ်းရေးနှင့် စစ်ရေးအရ အောင်မြင်မှုများ ရရှိနေသော်လည်း၊ ဂျေရုဆလင်ရှိ အစိုးရအဖွဲ့အတွင်း စည်း လုံးမှုမရှိခြင်းနှင့် ပြည်တွင်းတည်ငြိမ်းမှုအပိုင်းတွင်မူ ရှုံးနိမ့်နေသည်ဟု ၎င်းက ဆိုသည်။

    လက်ဘနွန်တောင်ပိုင်းရှိ အခြေပြုစခန်းများမှ အရပ်သားများအားလုံးကို ဖယ်ရှားပစ်ရန်နှင့် ထိုဒေသကို စစ်မဲ့ဇုန်အဖြစ် ဖန်တီးရန် တောင်းဆိုခဲ့သည်။ ဟစ်ဇ်ဘိုလာနှင့် လက်ဘနွန်အစိုးရကို စစ်ရေးအရ အရှိန် အဟုန်မလျှော့ဘဲ တိုက် ခိုက်နေစဉ်အတွင်းမှာသာ (Under Fire) တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ထိုးစစ်ကို လုံးဝမရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

     ဝန်ကြီးချုပ် နေတန်ယာဟု၏ Likud ပါတီနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက Gantz ၏ ဝေဖန်မှုကို “စစ်ပွဲအတွင်းမှာ ဂျေရုဆလင်မှာ ရှုံးနေပါတယ်လို့ ပြောတာဟာ ရန်သူကို အားပေးရာရောက်ပြီး ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်စေတဲ့ နိုင်ငံရေးကစား ကွက်သာ ဖြစ်တယ်” ဟု တုံ့ပြန်သည်။

     အီရန် (The Octopus Head) ကို တိုက်ခိုက်ခြင်းသည်သာ အရှေ့အလယ်ပိုင်း အကြမ်းဖက်ကွန်ရက်ကို ဖြတ်တောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းနှင့် အစိုးရသည် မှန်ကန်သော လမ်း ကြောင်းပေါ်တွင် ရှိနေကြောင်း ခုခံပြောဆိုခဲ့သည်။

#PositiveAngle #IsraelPolitics #BennyGantz #Netanyahu #HezbollahWar #MiddleEastUpdate2026 #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN