
(နိုင်ငံတကာ)မတ် ၇
အမေရိကန်ပြည်ထောင်စုက အရှေ့အလယ်ပိုင်းဒေသကို တတိယမြောက်လေယာဉ်တင်သင်္ဘော (3rd Aircraft Carrier)အဖြစ် USS George H.W. Bush (CVN-77)ကို စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ Fox News က ဖော်ပြထားပါတယ်။
ဒီသတင်းဟာ ဒေသတွင်းစစ်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း ပြသနေတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘောဟာ စစ်မြေပြင်သို့ မထွက်ခွာမီ လုပ်ဆောင်ရမည့် “စေလွှတ်ခြင်းမပြုမီ လေ့ကျင့်ရေးလုပ်ငန်းစဉ်များ” (Pre-deployment training) ကို အောင်မြင်စွာ အဆုံးသတ်ပြီးပြီ ဖြစ်ပါတယ်။
အီရန်နဲ့ ဖြစ်ပွားနေသော စစ်ပွဲအတွင်း အမေရိကန် ရဲ့ လေကြောင်းအင်အားနှင့် ပင်လယ်ရေကြောင်း လုံခြုံရေးကို အားဖြည့်ရန်အတွက် အရှေ့အလယ်ပိုင်း (အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့ သို့မဟုတ် အာရပ်ပင်လယ်)သို့ ဦးတည်စေလွှတ်မှာ ဖြစ်ပါသည်။
လက်ရှိတွင် ဒေသတွင်း၌ USS Abraham Lincoln နှင့် USS Gerald R. Ford (သို့မဟုတ် အခြားအလားတူအုပ်စု) တို့ ရှိနေနိုင်ပြီး၊ ယခုသင်္ဘော ထပ်မံရောက်ရှိလာခြင်းသည် အမေရိကန်၏ စစ်ရေးဖိအားကို အမြင့်ဆုံး (Maximum Pressure) သို့ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
လေယာဉ်တင်သင်္ဘော တစ်စင်းတွင် တိုက်လေ ယာဉ် အစီး ၆၀ ကျော်မှ ၈၀ ကျော်အထိ ပါဝင်နိုင်သောကြောင့် အမေရိကန်၏ လေကြောင်းစိုးမိုးမှုသည် အီရန်ကောင်းကင်ယံတွင် ပိုမိုအားကောင်းလာမည် ဖြစ်သည်။
မာကို ရူဘီယိုက “စစ်ပွဲသည် ရက်သတ္တပတ် အတော်ကြာနိုင်သည်”ဟု ပြောကြားခဲ့ပြီးနောက် ယခု ကဲ့သို့ လေယာဉ်တင်သင်္ဘောအုပ်စု (Carrier Strike Group) ကို ထပ်မံစေလွှတ်ခြင်းက အမေရိကန်အနေဖြင့် အီရန်အစိုးရ အမြန်ဆုံး အရှုံးပေးသွားစေရန် အင်အားအလုံး အရင်းဖြင့် တိုက်ခိုက်တော့မည့် လက္ခဏာ ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN