ပုစွန်စာရွက် ရဲ့ ကျန်းမာရေးအာနိသင်

(ဆောင်းပါး) မတ် ၈

       ဒီနေ့ PAN ကျန်းမာရေးကဏ္ဍကနေ အလေ့ ကျပေါက်တဲ့ ပုစွန်စာရွက်ရဲ့ ကျန်းမာရေးအာနိသင်အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။

       ပုစွန်စာရွက်က မြေပြင်မှာ ကပ်ပေါက်တဲ့ အပင်ငယ် တစ်မျိုးပါ။ အရွက်ချွန်ချွန်၊ အရိုးပွပွလေးနဲ့ အပွင့်ဖြူဖြူလေးတွေ ပွင့်ကြပါတယ်။ အာရှဒေသ တော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ အရိုးက အနီရောင်လေး ရှိတတ်ပါတယ်။ စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ အရွက်လေး တစ်မျိုးပေါ့။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူး

     အာဟာရကြွယ်ဝတဲ့ ပုစွန်စာရွက်က အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ –

အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
အအေးမိတာကြောင့် နှာစေးနှာပိတ် ဖြစ်နေသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ပုစွန်စာရွက်ကနာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး ချွဲတွေကို ကင်းစင်စေနိုင်တာကြောင့် အသက် ရှူရတာကို လွယ်ကူစေနိုင်ပါတယ်။ အအေးမိတာကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာ၊ လေပြွန်ရောင်ရမ်းတာတွေအတွက်လည်း ပုစွန်စာရွက်ကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး သောက်ပေးလို့ရပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ် ။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓာ ကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ Free radicals တွေကြောင့် ဆဲလ်တွေမပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။

ပင်ပန်းတာကို သက်သာစေနိုင်တယ် ။ ပုစွန်စာ ရွက်က စိတ်ဓာတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ်မှာ ကာလရှည်ကြာ ခံစားနေရတဲ့ နာကျင်မှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။

သွားဖုံးကျန်းမာစေတယ် ။ သွားဖုံး ရောင်တာ၊ သွားဖုံး သွေးယိုတာတွေ အတွက်လည်း ပုစွန်စာရွက်က အသုံးဝင် ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် ခံတွင်း ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယာတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်မှာပါ။ သွားနဲ့ ခံတွင်း ပြဿနာတွေ ကင်းစေဖို့ ပုစွန်စာရွက်ကို ရေနွေးနဲ့ ကျိုပြီး ပလုပ်ကျင်းပေးလို့ ရပါတယ်။ သတ္တုရည်ကို သွားဖုံးရောင်တဲ့ နေရာမှာ စွတ်ပေးလို့ ရပါတယ်။

ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်တယ် ။ဆီးသွားတိုင်း နာကျင်နေရတဲ့ ကျောက်ကပ် ကျောက်တည်တဲ့ ပြဿနာနဲ့ ဆီးလမ်းကြောင်း ပြဿနာတွေ ကင်းစေဖို့လည်း ပုစွန်စာရွက်ကို အားကိုးလို့ ရပါတယ်။ ပုစွန်စာရွက်မှာ ပါတဲ့ သဘာဝ ဒြပ်ပေါင်းက ကျောက် ကပ်က ကျောက်တွေကို ကြေစေနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့ အတွက်ပါ အသုံးပြုလို့ ရပါတယ်။

အရေပြားကျန်းမာစေနိုင်တယ် ။  အရေပြား အတွက်လည်း အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ဖလေဗာနွိုက် ပါဝင်တာကြောင့် အသား အရေကို တင်းရင်းစေပြီး အရွယ်တင် နုပျိုစေသလို အရေပြားပြဿနာတွေ ကင်းဝေးစေပါတယ်။

ဘယ်သူတွေမစားသင့်ဘူးလဲ

      ပုစွန်စာရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ရောဂါအခံ တစ်ခုခု ရှိသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ ဆေးဖက်ဝင်တယ်ဆိုပေမဲ့ အလွန် အကျွံ စားရင် ဘေးဖြစ်တတ်တာကြောင့် သင့်တော်တဲ့ ပမာဏပဲ စားသင့်ပါတယ်။

Cred; Hello Sayarwon

Telegram»…
https://t.me/positiveanglenews

#PAN