အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆက်လက်ထိန်းသိမ်းထားရန် ဂျာမနီဝန်ကြီးချုပ် မာ့ဇ် လိုလား

(နိုင်ငံတကာ)မတ် ၆

     ⁠ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz)က ဥရောပနိုင်ငံတွေက အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာမယ့် ဒုက္ခသည်လှိုင်း (Refugee Wave) ကို ဘယ်လောက်အထိ စိုးရိမ်နေသလဲဆိုတာကို ဖော်ပြသည့်အနေဖြင့် အီရန်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ဆက်လက်ထိန်းသိမ်းထားရန် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

    အီရန်နိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် နိုင်ငံပြိုကွဲသွားသည့် ဆီးရီးယားကဲ့သို့ အခြေအနေမျိုး (Syrian scenario) ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် အီရန်နိုင်ငံကို အမြန်ဆုံး တည်ငြိမ်အောင်လုပ်ဆောင်ရန်နှင့် ‘ဒီမိုကရေစီနည်း ကျ တရားဝင်သော’ အစိုးရတစ်ရပ် ပေါ်ထွန်းလာစေရန် လမ်းဖွင့်ပေးရန် တောင်းဆိုလိုက်သည်။

     “ကျွန်ုပ်တို့အနေဖြင့် ဒေသတွင်းမှ ဒုက္ခသည်အသစ်များ ထပ်မံဝင်ရောက်လာမည့် အခြေအနေကို ရှောင် လွှဲရန် အလွန်အမင်း အလေးထားပါသည်” ဟု ၎င်းက ဆိုသည်။

      မာ့ဇ်သည် အီရန်ရှိ  Mullah regime ပြုတ်ကျသွားခြင်းကို ထောက်ခံသော်လည်း၊ ယင်းနေရာတွင် အုပ် ချုပ်သူမဲ့ပြီး ဖရိုဖရဲဖြစ်သွားကာ ဒုက္ခသည်သန်းပေါင်းများစွာ ဥရောပဘက်သို့ ဦးတည်လာမည်ကို အဓိက စိုးရိမ်နေခြင်း ဖြစ်သည်။

     မာ့ဇ်သည် ဝါရှင်တန်ရှိ သမ္မတ ထရမ့်နှင့် တွေ့ဆုံစဉ်အတွင်း အီရန်စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန်နှင့် နိုင်ငံရေးအရ အစားထိုးမှု (Day-after plan) ကို စနစ် တကျ ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။

     စစ်ပွဲကြောင့် ရေနံနှင့် ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်နေခြင်းက ဂျာမနီစီးပွားရေးကို ထိခိုက်စေသလို၊ ဒုက္ခသည်အရေးသည် ဂျာမနီပြည်တွင်း နိုင်ငံရေးတွင် လက်ယာစွန်းပါတီများ (ဥပမာ- AfD) အားကောင်းလာစေနိုင်သဖြင့် မာ့ဇ်အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်နေသည်။

Telegram»…
https://t.me/positiveanglenews

#PAN