
(နိုင်ငံတကာ)မတ် ၆
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က Operation True Promise 4 ၏ ၂၂ ကြိမ်မြောက် တိုက်ခိုက်မှုလှိုင်း (22nd Wave)အဖြစ် အစ္စရေးနှင့် ဒေသတွင်းရှိ အမေရိကန်ပစ်မှတ်များကို ဒုံးကျည်အမြောက်အမြားဖြင့် ထပ်မံတိုက်ခိုက်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
IRGC ၏ ထုတ်ပြန်ချက်အရ ယခုတိုက်ခိုက်မှုတွင် Khorramshahr-4 (Kheibar) နှင့် Fattah အသံထက်မြန်သော (Hypersonic) ဒုံးကျည်များကို အသုံးပြုခဲ့သည်။ အထူးသဖြင့် Khorramshahr-4 သည် ပေါက် ကွဲစေတတ်သော ထိပ်ဖူး ၂ တန် (2,000 kg) အထိ တင်ဆောင်နိုင်ပြီး အသံ၏ ၁၄ ဆနှုန်း (Mach 14) ကျော်ဖြင့် ပစ်ခတ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။
အစ္စရေးနိုင်ငံရှိ တယ်လ်အဗီးဗ် (Tel Aviv) မြို့လယ်၊ ဘင်ဂူရီယွန်လေဆိပ် (Ben Gurion Airport) နှင့် ဟိုင်ဖာ (Haifa) ရှိ စစ်ရေးအဆောက်အအုံများအပြင် ပါရှန်းပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကိုပါ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုတိုက်ခိုက်မှုကို “Ya Hussein ibn Ali” ဟူသော ကုဒ်အမည်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အီရန်တောင်ပိုင်း မီနပ် (Minab) မြို့ရှိ ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရပြီး ကလေးငယ်များစွာ သေဆုံးခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်ဘက်က ပြောကြားထားသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အီရန်ဘက်မှ ဒုံးကျည်များ ပစ်လွှတ်လိုက်သည်ကို အတည်ပြုထားပြီး လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းနေကြောင်း၊ တယ်လ်အဗီးဗ်နှင့် အစ္စရေးတောင်ပိုင်း ဒေသအချို့တွင် လေကြောင်းသတိပေးဥဩသံများ မြည်ဟည်းနေကြောင်း ထုတ်ပြန်ထားသည်။
ဤတိုက်ခိုက်မှုလှိုင်းသည် စစ်ပွဲစတင်ပြီး ၇ ရက်မြောက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အီရန်၏ ဒုံးကျည်အင်အား ချည့်နဲ့သွားပြီဟူသော အနောက်နိုင်ငံများ၏ သတင်းများကို ချေပလိုက်ခြင်းဖြစ်ကြောင်း IRGC က ဆိုသည်။
အမေရိကန်စစ်တပ်ကလည်း ဒေသတွင်းရှိ ၎င်းတို့၏ စခန်းများ ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုများရှိနေပြီး Patriot နှင့် THAAD ကာကွယ်ရေးစနစ်များကို အစွမ်းကုန်အသုံးပြုနေရကြောင်း သိရသည်။
၂၂ ကြိမ်မြောက် တိုက်ခိုက်မှုလှိုင်းအထိ ရောက်ရှိလာခြင်းမှာ အီရန်အနေဖြင့် ဒုံးကျည်အရန်သိုလှောင်မှု အမြောက်အမြားရှိနေဆဲဖြစ်ကြောင်း ပြသနေပြီး စစ်ပွဲမှာ ကာလရှည်ကြာသွားနိုင်သည့် လက္ခဏာရှိသည်။
Fattah ကဲ့သို့သော Hypersonic ဒုံးကျည်များ သည် ကြားဖြတ်ဟန့်တားရန် အလွန်ခက်ခဲသော ကြောင့် အစ္စရေး၏ “Iron Dome” နှင့် “Arrow” စနစ်များအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်နေသည်။
Telegram»…
https://t.me/positiveanglenews
#PAN