

(ပြည်တွင်း) ဖေဖော်ဝါရီ ၃
KNDF အဖွဲ့က အမျိုးသား ၃ ဦး၊ အင်းလေးPDF အဖွဲ့က အမျိုးသား ၁ ဦး၊ ရှမ်း(တောင်)PDF အဖွဲ့က အမျိုးသား ၂ ဦး၊ DPLA အဖွဲ့က အမျိုးသား ၁၂ဦး၊ အမျိုးသမီး ၆ဦး၊ စုစုပေါင်း အမျိုးသား ၁၈ဦးနဲ့ အမျိုးသမီး ၆ဦး တို့ဟာ လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်းကို ဝင်ရောက်လာတယ်လို့ သိရပါတယ်။
ဥပဒေဘောင်အတွင်း အလင်းပြန်လည်ဝင်ရောက်လာတဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ ၊ ညောင်ရွှေမြို့နယ် ၊ ကလောမြို့ နယ် ၊ ရပ်စောက်မြို့နယ်၊ ရွာငံမြို့နယ် ပင်းတယမြို့နယ်က ၊ မိုးဗြဲ-ဖယ်ခုံမြို့နယ် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တို့က အမျိုးသား၁၈ ဦး၊ အမျိုးသမီး ၆ ဦး ပေါင်း ၂၄ ဦးကို နေ့က မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်လွှဲပြောင်း အပ်နှံလိုက်တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ PDF တွေကို မိဘအုပ်ထိန်းသူတွေဆီထံ ပြန်လည်လွှဲပြောင်း အပ်နှံတဲ့အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမမှာခဲ့တာဖြစ်ပြီး သူတို့နဲ့အတူပါလာတဲ့ မောင်းပြန် ရိုင်ဖယ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်တို့ကို လွှဲပြောင်းအပ်နှံတာကြောင့် ပြည်နယ်ဝန်ကြီးချုပ်နဲ့ တိုင်းမှူးတို့က လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်းအတွင်း ဝင်ရောက်လာကြသူတွေကို မောင်းပြန်ရိုင်ဖယ် ၁ လက်နှုန်း အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းနဲ့ ၂ လက်အတွက် ငွေကျပ် သိန်း ၁၀၀ ၊ အလင်းဝင်ရောက်လာသူအားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်းနဲ့ ၂၄ ဦးအတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် ၁၄၈သိန်းနဲ့ ထောက်ပံ့ပစ္စည်းတွေကို ပြန်လည်ထောက်ပံ့ပေးအပ်ခံခဲ့တယ်လို့ သိရပါတယ်။