

(မှုခင်း)ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊အမှတ်(၁၉)ရပ်ကွက်၊ မြင်းဖြူအင်းလမ်းတွင် ဖေဖော်ဝါရီ ၁ရက် နံနက် ၃နာရီဝန်းပျင်က နေအိမ် မီးဖိုခန်းရှိ မီးပလပ်ခုံ ရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်သည့်နေရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်း၊ Taungoo Rescue ပရဟိတအသင်း၊ ကေတုပရဟိတအသင်းနှင့် မဟာမေတ္တာပရဟိတအသင်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းသားများသည် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၂ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဒေါ်တင်တင်အေး၏ (၃၀x၅၅)ပေ၊ သွပ်မိုး၊ အုတ်ညှပ်/ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ပိုင်ရှင် ဒေါ်တင်တင်အေး(၆၅)နှစ် မီးလောင်သေဆုံးနှခဲ့ပြီး ၁၀နှစ်အရွယ် ကလေး ကျား(၁)ဦး၊ အမျိုးသမီး(၃၄)နှစ် (၁)ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရွှေမင်းဝံပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ပိုင်ရှင် ဒေါ်တင်တင်အေး(၆၅)နှစ် (မီလောင်သေဆုံး)အား တောင်ငူမြို့၊ အမှတ်(၁)ရဲစခန်းမှ (ပ)၂၃/၂၀၂၆၊ ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅/၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။