အင်အားအနည်းငယ်ရှိ ငလျင်တခု မင်းကင်းမြို့အနီး လှုပ်ခတ်

(မိုးလေဝသ)ဖေဖော်ဝါရီ ၂

မင်းကင်းမြို့အနီး ဗဟိုပြု၍ ယနေ့နံနက် ၆နာရီ ၃၄မိနသ်အချိန်က အင်အားအနည်းငယ်ရှိ ငလျင်တခုလှုပ်ခတ်သွားကြောင်း သိရသည်။

ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၆၁) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အရှေ့တောင်ဘက် (၁၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၆၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၂) ဒီဂရီ၊ အနက် (၃၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ သိရသည်။

#PAN