

(မှုခင်း) ဖေဖော်ဝါရီ ၂
မန္တလေး မြို့တွင် ဖေဖော်ဝါရီလ ၁ရက် ည၈နာရီခွဲခန့်က သေနတ်ဖြင့်ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက်၂၂အရွယ် မဟန်ထက်စိုးစံဆိုသူဟာ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၄၁လမ်းနှင့် ၄၂ လမ်းကြားတွင် ရေခဲမုန့်ဆိုင်ဖွင့်လှစ်ထားသော ၎င်း၏ ဆိုင်းအားပိတ်ပြီး ဆိုင်ကယ်ဖြင့် အိမ်ပြန်ရန်ပြုလုပ်စဉ် အမည်မသိအမျိုးသားနှစ်ဦးဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လုယက်ခဲ့ကြောင်းသိရသည်။
မဟန်ထက်စိုးစံကမှ ဆိုင်ကယ်လုယက်ခံရသဖြင့် ၎င်း၏ ဆိုင်ကယ်အား ပြန်လည်လုယူခဲ့သည့်အတွက် လုယက်သူများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုယက်သူများ၏ ပစ်ခတ်မှုေကြာင့် မဟန်ထက်စိုးစံ၏ ညာဘက်လက်မတွင် သေနတ်ကျည်ထိမှန် ဒဏ်ရာနှင့် ညာဘက်ပေါင်ရင်း ရှပ်ထိဒဏ်ရာရရှိခဲ့ေကြာင်းသိရပြီး ၎င်း၏ဆိုင်ကယ်လည်း လုယက်ခံရခြင်းမရှိကြောင်း သိရသည်။