ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဥ်တိုက်မှုဖြစ်ပွာရာ ကျား ၁ ဦးသေဆုံး

(မှုခင်း) ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃)ကြားတွင် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ၃နာရီခွဲအချိန်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းအပါအဝင် ကျား(၂)ဦး၊ မ(၃)ဦးအနက် ကျား(၁)ဦး သေဆုံးခဲ့ပြီးကျား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦးထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ မ(၂)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရှင်သန်ခွင့် လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။