
(နိုင်ငံတကာ) ဇန်နဝါရီ ၂၈
အီရန်နိုင်ငံပိုင် IRGC မီဒီယာဌာနဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိလာတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘာ USS Abraham Lincoln ကို အီရန်အစိုးရက ပစ်ခတ်ဖို့ အဆင်သင့်ပဲလို့ သတိပေးထုတ်ပြန်ထားပါတယ်။
Telegram မှာရှိတဲ့ IRGC သတင်းချန်နယ်မှာ အင်္ဂါနေ့ညနေပိုင်းက “USS Abraham Lincoln သို့အရေးပေါ်သတင်းစကား” ဟု ဆိုကာ ဗီဒီယိုတစ်ပုဒ် တင်ထားပြီး အဲ့ဒီ့ဗီဒီယိုမှာ အီရန်နိုင်ငံရဲ့ စစ်ရေးအင်အားကို ပြသတဲ့အနေနဲ့ အီရန်အလံကို လွှင့်တင်ထားတဲ့ တိုက်လေယာဉ်တွေနဲ့ လက်နက်တွေတက်ဆင်ထားတဲ့ လေယာဉ်တင်သင်္ဘောတွေကို ပြသထားပြီး အီရန်နိုင်ငံက ပစ်လိုက်တဲ့ မစ်ဇိုင်းဒုံးကြည်ကြောင့် သင်္ဘာတစ်စီးထပ်ပိုင်းကျိုးသွားခဲ့တဲ့ ဗီဒီယိုကို တင်ထားပြီး အမေရိကန်နိုင်ငံကို သတိပေးထားတာဖြစ်ပါတယ်။
အဲ့ဒီဗီဒီယိုထဲမှာပဲ အမေရိကန်သဘောသားဝတ်စုံဝတ်ဆင်ထားတဲ့ ရေတပ်သားတွေဟာ တန်းစီနေပြီး အီရန်စစ်ဘက်အရာရှိတွေက သေနတ်နဲ့ချိန်ကာ ဒူးထောက်ခိုင်းထားတဲ့ ပုံတွေလည်း ပါဝင်နေပါတယ်။
USS Abraham Lincoln လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုဟာ တနင်္လာနေ့က အရှေ့အလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်ရဲ့ ဗဟိုကွပ်ကဲရေးဌာနက ပြောကြားထားပြီးနောက်မှာဘဲ အီရန်ရဲ့ နျူကလီးယားစက်ရုံတွေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။