
(ပြည်တွင်း) ဒီဇင်ဘာ ၅
နှာခေါင်းကွဲ၊ အာခေါင်းကွဲ လူနာများကို မော်လမြိုင်ဆေးရုံကြီး၌ ဒီဇင်ဘာလ ၁၆ ရက်မှာ အခမဲ့ကုသ ပေးသွားမယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့ သဲဖြူဆရာတော်ကြီးကို အမှူးထား၍ အလှူရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ကာ ခွဲစိတ် ကုသမှု ခံယူလိုသူများအနေနဲ့ မော်လမြိုင်ဆေးရုံအုပ်ကြီးရုံးမှာ လာရောက်စာရင်းပေးသွင်းနိုင်တယ်လို့ သိရ ပါတယ်။
ဒါ့အပြင် မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရုံးတို့မှာ စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးမျှဝေထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်မှ ၃၀ ရက်အထိ သဲဖြူဆရာတော်ကြီး ဦးဆောင်၍ မော်လမြိုင်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် ၇၀၀ ကျော်ကို အခမဲ့စမ်းသပ် စစ်ဆေးကုသပေးခဲ့ကြောင်း သိရပါတယ်။
#PAN