အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူအသင်း

(အားကစား) ဒီဇင်ဘာ ၅

မန်ယူအသင်းဟာ အိမ်ကွင်းမှာ တန်းဆင်းဇုန်ရောက်ရှိနေတဲ့ ဝက်စ်ဟမ်းအသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကျပြီး အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

မန်ယူအသင်းအတွက် ၅၈ မိနစ်မှာ ဒါလော့ က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းကစားသမား မာဂက်ဆာ က ၈၃ မိနစ်မှာ ပြန်လည်ချေပခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အခုလိုသရေကျခဲ့တာကြောင့် အဆင့် (၅) နေရာကို တက်လှမ်းနိုင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့လို့ အမှတ်ပေးဇယားမှာ အဆင့် (၈) နေရာပဲ ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။

#PAN