လသာက ရွှေဇင်ရွှေဆိုင် ဓားပြတိုက်ခံရ

(မှုခင်း) ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်မှာရှိတဲ့ ရွှေဇင်ရွှေဆိုင်မှာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါရွှေဆိုင်ကို မနက် ၉ နာရီခန့်က ကို အမျိုးသား(၃)ဦးရောက်ရှိလာပြီး သေနတ်တွေထုတ်ပြကာ ဓားပြတိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆိုင်ဖွင့်ဖို့ ရွှေထည်ပစ္စည်းတွေကို ကားနဲ့သယ်ဆောင်လာပြီး ကားပေါ်မှ ဆိုင်အတွင်းကိုသယ်ဆောင်နေစဉ် အမည်မသိ အမျိုးသား ၃ ဦးက ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး သေနတ်ပြကာ ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

ဓားပြတိုက်လုယက်ခံရမှုကြောင့် တန်ဖိုးစီစစ်ဆဲ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကျပ်သိန်း (၁၀၀၀) ခန့်ဆုံးရှုံးသွားတာလို့ လုံခြုံရေးနဲ့ နီးစပ်သူတွေကပြောဆိုထားပြီး လက်ရှိမှာ ပစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝငတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

#PAN