စစ်ကိုင်းတိုင်းမှာ ဘိန်းစိုက်ဧက ၅၅၂ ဟက်တာတယ်လို့ UNODC ပြော

(ပြည်တွင်း) ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီးမှာ ဘိန်းစိုက်ပျိုးမှု ၅၅၂ ဟက်တာရှိတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဘိန်းစိုက်ပျိုးမှုကို ဒီအစီရင်ခံစာမှာ ပထမဆုံးအကြိမ်အဖြစ်ဖော်ပြထားတာကို ခွဲခြမ်းစိတ်ဖြာမှုအရ တွေ့ရတယ်လို့လည်းဆိုပါတယ်။

၂၀၂၀ရွေးကောက်ပွဲမသမာမှုကြောင့် စစ်ကိုင်းတိုင်းအတွင်းက NLD ပါတီဝင်တွေဟာ PDF အဖြစ်ပြောင်းလဲကာ တအောင်း ရခိုင်နဲ့ ကချင်အကြမ်းဖက်အုပ်စုတွေနဲ့ပူးပေါင်းကာ ဒေသတွင်းမငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်နေသလို စစ်ကိုင်းတိုင်းအတွင်းကဒေသ အများအပြားကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

​ဒေသအတွင်းမတည်မငြိမ်ဖြစ်တာကိုအကြောင်းပြုပြီး ဘိန်းစိုက်ပျိုးမှုတွေဟာ အခုလိုတစနဲ့တစမြင့်တက်လာဖြစ်တယ်သလို လက်နက်ကိုင်တွေဟာ ငွေကြေးလိုအပ်မှုတွေကြောင့် အခုလိုလုပ်ဆောင်တာလို့ မူးယစ်ဆေးဝါတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

UNODC က နှစ်ပေါင်းများစွာ ပဋိပက္ခနဲ့ လူမှုစီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားပြီးနောက် နိုင်ငံရင်ဆိုင်နေရသော မရေရာမှုတွေကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားရှိမှုတွေအရ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ (၃၂ ရာခိုင်နှုန်း)၊ ချင်းပြည်နယ်မှာ (၂၆ ရာခိုင်နှုန်း) ကချင်ပြည်နယ်မှာ (၃ ရာခိုင်နှုန်း) ရှိတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဟာလည်း စိုက်ပျိုးမှုအများဆုံးဒေသအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံအတွင်းက ဘိန်းခင်းတွေရဲ့ ၄၄ ရာခိုင်နှုန်းရှိတယ်လို့လည်း UNODC ကပြောပါတယ်။

ချင်းပြည်နယ်မှာ ဘိနစိုက်ပျိုးမှု တိုးချဲ့လာခြင်းနဲ့အတူ ဒါဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်နယ်စပ်ဒေသတွေ ကို အာရုံစိုက်မှု တိုးလာစေပြီး အိမ်နီးချင်းနိုင်ငံတွေအတွက် အလားအလာရှိတဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်လို့ ဆိုပါတယ်။

ဒီတွေ့ရှိချက်တွေဟာ အဲ့ဒီမတိုင်ခင် နှစ်တွေအတွင်း နှစ်ပေါင်းများစွာ ကျဆင်းခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်ကစပြီး ဘိန်းစိုက်ပျိုးမှု တည်ငြိမ်စွာ မြင့်တက်လာတဲ့ လမ်းကြောင်းကို အတည်ပြုတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဆယ်နှစ်အတွင်း အထွတ်အထိပ်ကို ရောက်ရှိနေတဲ့စစ်တမ်းဟာ နိုင်ငံအတွက် အရေးကြီးတဲ့အချိန်မှာ ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစစ်တမ်းကို “၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း- စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့် သက်ရောက်မှုများ” ဟု အမည်ပေးထားပြီး အစီရင်ခံစာမှာ ၂၀၂၁ နောက်ပိုင်း စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရာသီအတွင်း မြန်မာနိုင်ငံမှာ စုဆောင်းရရှိတဲ့ အချက်အလက်တွေ ကို ခွဲခြမ်းစိတ်ဖြာထားတာလို့ပြောဆိုထားပါတယ်။

ဘိန်းစိုက်ပျိုးမှုဟာ ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း တိုးလာပြီး ဟက်တာ ၄၅,၂၀၀ ကနေ ၅၃,၁၀၀ အထိ ရှိလာတယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အရေးကြီးတဲ့အချိန်အခါတစ်ခုမှာ ရောက်နေတာပါ” ဟု အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Delphine Schantz က ပြောပါတယ်။

“ဒီစိုက်ပျိုးမှု တိုးချဲ့မှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘိန်းစီးပွားရေး ပြန်လည်ထူထောင်နိုင်ခဲ့တာကို ပြသနေပြီး အနာဂတ်မှာ နောက်ထပ် တိုးတက်မှုအလားအလာကို ညွှန်ပြနေပါတယ်”လို့ပြောဆိုထားပါတယ်။

#PAN