(မှုခင်း) သြဂုတ် ၁၆
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွမ်းခြံကုန်းဘုရားကွေ့အနီးတွင် CANTERယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ကုန်စိမ်းများတင်ဆောင်လာသည့် CANTER၆ ဘီးယာဉ်တစ်စီးသည် မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွမ်းခြံကုန်းဘုရားကွေ့အနီးတွင် တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းသေဆုံးခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဥိး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အလင်းသစ်ကယ်ဆယ်ရေးအဖွဲ့၊ M Rescue နှင့် မြေနီကုန်းကယ်ဆယ်ရေးအဖွဲ့တို့က ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများက ယာဉ်အတွင်း ပိတ်မိနေသည့် သေဆုံးသူ၏ ရုပ်အလောင်းကို ထုတ်ယူကယ်ဆယ်ပေးခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးကိုလည်း မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ အဆိုပါဒဏ်ရာရရှိသူနှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိသဖြင့် မြဝတီပြည်သူ့ဆေးရုံကြီးမှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ထားရကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN