
(အားကစား) နိုဝင်ဘာ ၂၆
စပိန်လာလီဂါပွဲစဉ်အဖြစ် ကစားခဲ့သည့် အယ်ချီအသင်းနှင့်ရီးရဲလ်မက်ဒရစ်အသင်းတို့ သရေရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အလွန်ဆိုနှင့် အသင်းမှအဓိကကစားသမားများကြား တင်းမာမှု များ ပိုမိုမြင့်တက်လျက် ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။
နည်းပြ အလွန်ဆို က လေ့ကျင့်ရေးအစီအစဉ်တွင် ကစားသမားများကို တင်းကျပ်သည့်စည်းမျဉ်းများဖြင့် ကန့်သတ်မှုများ လုပ်ဆောင်ထားသောကြောင့် နည်းပြအလွန်ဆိုနှင့်ကစားသမားများကြား အစောပိုင်းကတည်းက တင်းမာမှုများရှိနေခဲ့ပြီး နည်းပြအလွန်ဆိုရဲ့နည်းစနစ်ပိုင်းအပေါ်တွင်လည်း အသင်းမှ အဓိကကစားသမားအများစုက ကြိုက်နှစ်သက်မှုမရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။
အစောပိုင်းကတည်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့အဓိကကစားသမား ဗီနီစီးယက်စ် ကို လူစားလဲမှုများနှင့် ပတ်သက်ပြီး နည်းပြအလွန်ဆိုနှင့် ဆက်ဆံရေးတင်းမာမှုများ ရှိနေသကဲ့သို့ နောက်ထပ်အဓိက ကစားသမားဖြစ်တဲ့ ဘယ်လင်ဟမ် ကလည်း နည်းစနစ်များအပေါ် ကြိုက်နှစ်သက်မှုမရှိခဲ့လို့ တင်းမာမှုများရှိနေကြောင်း သိရပါတယ်။
#PAN