2025ELECTION25NOV

နေပြည်တော် ဇေယျာသီရိမြို့နယ်က နေဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတို့ဟာ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာမှာ ဒီကနေ့ စည်းရုံရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဇေယျာသီရိမြို့နယ်၊ ဆင်းကျေးရွာအုပ်စု၊ ဆင်းကျေးရွာ၊နယ်မြေ(၄)မှာရှိတဲ့ ဒေသခံ ဦးတင်ဆောင်ရဲ့နေအိမ်မှာ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ကပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတစ်ချို့တက်ရောက်နားထောင်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ မဲဆွယ်စည်းရုံးမှုကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးနွယ် ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးချစ်တို့အပြင် ပါတီတာဝန်ရှိသူတွေနဲ့ ဒေသခံ ၃၀ ခန့်တက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။
ကိုယ်စားလှယ်လောင်းတွေကလည်း မိတ်စကားပြောကြားခဲ့ကြပြီး တစညပါတီဖြစ်ပေါ်လာပုံ မဲပေးပုံနည်းနစ်စတာတွေကို ရှင်းလင်းပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။