(ပြည်တွင်း)အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်နှင့် အရာတော်မြို့နယ်အစပ် တိုက်ရွာနှင့် အုတ်ရှစ်ကြီးရွာကြားတွင် အကြွေးတောင်းပြီးပြန်လာသည့် PDF ၂ ဦးအား ပစ်သတ်ခဲ့သည့် PDF ၃ဦးအား ဖမ်းဆီးရမိကြောင်း ဒေသသတင်းအရင်းမြစ်အရ သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့ညနေ ၆ နာရီကျော်ခန့်မှာ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာPDFတပ်ဖွဲ့ဝင်များဖြစ်သည့် ဦးကျော်၊ ကိုပိုင် နှင့် ဇနီးဖြစ်သူ မစန္ဒီတို့က ၎င်းတို့ဆီ လက်နက်ဖိုးအကြွေးသိန်း၂၂၀ လာတောင်းသည့် ဘုတလင်မြို့နယ်၊ နတ်ရွာကျေးရွာPDFအဖွဲ့ဝင်များဖြစ်သည့် အသက် ၂၀ ကျော်အရွယ်ရှိ မင်းသီဟ နဲ့ အောင်မင်းထွးတို့အား တိုက်ရွာနှင့် အုတ်ရှစ်ကြီးရွာကြားအရောက်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းသိရသည်။
ပစ်ခတ်မှုကြောင့် PDFတပ်ဖွဲ့၂ဦးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၎င်းတို့အနီးဝန်းကျင်တွင် ၅.၅၆ ကျည်ခွံအချို့နှင့် ၆.၈ မီလီမီတာ ကျည်ခွံအချို့တွေ့ရကြောင်း၊ ထို့အပြင် ပစ်သတ်ခံရသည့် PDF ၂ ဦးကိုင်ဆောင်လာသည့် သေနတ် ၂ လက်နှင့် အကြွေးတောင်းယူလာသည့် ငွေကျပ် သိန်း ၂၂၀ လည်းပျောက်ဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းအချိန်တွင် ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာ အနီးတွင် ပြစ်မှုကျူးလွန်သူသုံးဦးအား ဘုတလင်းမြို့နယ်PDFတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ဆားတောင်မိုးကြိုး LPDFအဖွဲ့ ခေါင်းဆောင် မိုးကြိုးသည် အိုင်းဓမ္မကျေးရွာရှိ စတားလင့်ခ်ဆိုင်၌ ဘိလိယက်ထိုးနေစဥ် NUGလက်အောက်ခံPDFအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
အလားတူ ဇွန် ၁၁ ရက်က မုံရွာမြို့နယ်အခြေစိုက် Golden Eagle Force Monywa PDF အဖွဲ့ခေါင်းဆောင် လင်းယုန်နှင့် ဇနီးနှစ်ဦးအား PDFတပ်များ စိုးမိုးနယ်မြေဖြစ်သည့် တောင်မာတောကျေးရွာနှင့် ပလ္လင်ကျေးရွာကြား ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့ကာ လုပ်ကြံသူများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN