(နိုင်ငံတကာ) နိုဝင်ဘာ ၂၅
အမေရိကန်ကိုရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့်ပေးထားတဲ့ TPS (Temporary protected state)အစီစဥ်ကိုဖျက်သိမ်းတော့မယ်လို့ သမ္မတဒေါ်နယ်ထရွမ့်က နိုဝင်ဘာ ၂၄ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။

အမေရိကန်အစိုးရရဲ့စာရင်းဇယားတွေအရ လက်ရှိ TPS ရထားတဲ့ မြန်မာနိုင်ငံသား ၃၉၆၉ ဦးရှိတယ်လို့ သိထားရပြီး အဲ့ဒီ လူ ၃ ထောင်ကျော်ရရှိထားတဲ့ TPS အစီအစဥ်ဟာ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာသက်တမ်းတိုးမဲ့ရက်ဖြစ်လို့ သက်တမ်းတိုးခွင့်မရှိတော့ပါဘူး။
အခုလို ဖျက်သိမ်းရတာဟာ မြန်မာနိုင်ငံအတွင်းမှာအုပ်ချုပ်မှုနဲ့ တည်ငြိမ်မှုပိုင်းမှာတိုးတက်မှုတွေရှိနေတာကိုတွေ့ရတဲ့အတွက် အမိမြေလုံခြုံရေးဌာနက ဒီအစီစဥ်ကိုဖျက်သိမ်းဖို့အဆိုပြုခဲ့တယ်လို့ ထရွမ့်ကကြေညာချက်မှာဖော်ပြထားပါတယ်။

အမိမြေလုံခြုံရေးဝန်ကြီး ခရစ်စတီနုံးကတော့ မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့် TPS ဆက်ပေးနေတာဟာ အမေရိကန်အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေကိုပြည်ဝင်ခွင့်ဗီဇာထုတ်မပေးခင် အသေအခြာစီစစ်နိုင်ခြင်းမရှိတာကြောင့် သူတို့ဟာ ဗီဇာကိုရက်လွန်နေကြမယ့်အန္တရာယ်လည်းရှိကြောင်း TPS ရထားတဲ့ မြန်မာအမျိုးသားလုံခြုံဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာချိုးဖောက်မှုတွေနဲ့ စုံစမ်းစစ်ဆေးခံရတာရှိကြောင်းကိုလည်း သူ့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီကြေညာချက်အရ လက်ရှိ TPS ရထားတဲ့သူတွေထဲမှာ ပြည်ပြေးအစိုးရအမည်ခံ NUG ကပုဂ္ဂိုလ်တွေ နိုင်ငံမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ တောခိုပြီး ထွက်ပြေးတိမ်းရှောင်သွားသူတွေလည်းမှာဖြစ်တယ်လို့ နိုင်ငံတကာအရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရက ယာယီနေထိုင်ခွင့်ပေးထားတဲ့ TPS (Temporary protected state)အစီစဥ်မှာအကြုံးဝင်နေတဲ့ မြန်မာနိုင်ငံသား ၄ ထောင်နီးပါးဟာ မြန်မာပြည်ကို ပြန်ပို့ခံရနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်သူတွေကပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဒီအစီရင်ခံစာကို ပြန်ထောင်စုအစိုးရမှတ်တမ်းရုံးမှာတရားဝင် မှတ်ပုံတင်မှာဖြစ်ပြီး ၂၀၁၆ ခုနှစ်ဇန်နဝါရီလနှောင်းပိုင်းမှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
#PAN