ပန်းတနော်တွင် စားသောက်ဆိုင်မီးလောင်မှုဖြစ်ပွား

(မှုခင်း) နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ဦးအောင်ဇေယျလမ်းတွင် ပိုင်ရှင် ဦးဖြူတုတ်၏ (၄၀x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် “Future” စားသောက်ဆိုင်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၁ နာရီ ၃၀မိနစ် အချိန်ခန့်က ဆိုလာအသုံးပြုသော ဝါယာကြိုး အပူလွန်ကဲပြီး အနီးရှိ အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရပါသည်။

မီးလောင်မှုနေရာသို့ ပန်းတနော်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၅၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် (၄၀x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် စားသောက်ဆိုင် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဖြူတုတ်(၆၇)နှစ်အား ပန်းတနော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။