(မှုခင်း)နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ၊ ချစ်တီးကုန်းရပ်ကွက် ၊ ခရေပင်လမ်းမကြီး၊အမှတ်(၃)လမ်း ဆုံမီးပွိုင့် အနီး တွင် အငှားယာဥ်မောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ယမန်နေ့ည ၉နာရီခွဲအချိန်က ခရေပင်လမ်းဆုံမီးပွိုင့်ဘက်မှ ၃ လမ်းဆုံ မီးပွိုင့်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် YGN – 44 HH 1134 Probox အဖြူရောင်အငှားယာဉ်သည် မတော်တဆဖြစ်ကာ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိထားကြောင်း သတင်းအရ တာဝန်ရှိသူများမှ စုံစမ်းရာ လမ်းဘေးတွင် ယာဉ်အားတွေ့ရှိရပြီး ယာဉ်မောင်းမှာ နောက်ကျော ဘက်တွင် ထိုးဖောက် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်းထိုင်ခုံ နောက်ဘက်တွင် စုတ်ပြဲနေပြီး ယာဉ်နောက်ခန်း ခရီးသည်ထိုင်ခုံကြား ကျည်ခွံ(၁)ခု တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူမှာ ဦးဝဏ္ဏဖေ၊ (၄၂)နှစ်၊ (ဘ)ဦးသန်းဖေ၊ ယာဉ်မောင်း၊ အမှတ်(၁၄၄)၊ မြဝတီမင်းကြီးလမ်း၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူ ဖြစ်ကြောင်း၊တရားခံဖမ်းဆီးရမိရေ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။