
2025Election23Nov
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီက နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာ ရွေးကောက်ပွဲ အောင်နိူင်ရေးအတွက် မဲဆွယ်စည်းရုံးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမဲဆွယ်ပွဲကို ပြည်သူ့ရှေ့ဆောင်ပါတီက တိုင်းဒေသကြီးလွှတ်တော် (FPTP)ကိုယ်စားလှယ်လောင်းဒေါ်ဖြူဖြူဆန်းနဲ့ ပါတီဝင် ၁၅ဦးတို့ ဦးဆောင်ကာ ရပ်ကွက်နေပြည်သူ ၁၀၀ဦးခန့်အား ကြာဇံဟင်းကျွေးမွေးဧည့်ခံပြီး ဒေါ်ဖြူဖြူဆန်းက ရွေးချယ်ခံလွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် မိတ်ဆက်စကားပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
မန္တလေးနည်းတူ ရန်ကုန်တိုင်းဒေသကြီးမှာလည်း မဲဆွယ်ပွဲတွေပြုလုပ်နေသလို မျက်စိအခမဲ့စစ်ဆေးပေးတာတွေ မျက်မှန်လှူဒါန်းတာတွေ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေအပြင် ဆန်၊ ဆီ၊ ကြက်ဥတွေကိုလည်း လှည့်လည်ရောင်းချရင်း လက်ကမ်းစာဆောင်ဝေတာတွေလည်း ပြုလုပ်နေတာတွေ့ရပါတယ်။
“ပြည်သူကြားထဲကလူမှုဘဝတွေကိုရှာဖွေဖော်ထုတ်မယ်။ ပြည်သူဘာလိုချင်တာလဲ ဆန္ဒနဲ့မျှော်လင့်ချက်ကဘာလဲ။ လူမှု ဘဝဒုက္ခကဘာလဲ ဒါတွေကို ကျွန်မတို့စနစ်တကျနဲ့ အလုပ်ရုံဆွေးနွေးပွဲ ၂ ရက်ကျင်းပခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ပြီးတော့မှ ဖော်ထုတ်ရရှိချက်တွေကို မူဝါဒရေးဆွဲတာဖြစ်ပါတယ်။ အဲ့ဒီကမှ ရွေးကောက်ပွဲကြေညာစာတမ်းဖြစ်လာတာပါ”လို့ ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက
ရန်ကုန်တိုင်းအတွင်းက ပါတီဝင်တွေနဲ့တွေ့ဆုံပွဲမှာပြောဆိုခဲ့တာဖြစ်ပါတယ်။