

(မှုခင်း) နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ်၊တောင်သမန်ကျေးရွာအုပ်စု၊အိုးဘိုကျေးရွာတွင် ယနေ့နံနက်၃နာရီ၂၅မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦးအား ဓါးဖြင့် ထိုးသတ်သွားကြောင်း သိရသည်။
အမရပူရမြို့နယ်၊တောင်သမန်ကျေးရွာအုပ်စု၊အိုးဘိုကျေးရွာ ရွာလယ်လမ်းရှိ သီတာအောင် အမျိုး သမီးအဆောင်ရှေ့ လမ်းမပေါ်တွင် နံနက်၃နာရီ အချိန်ခန့်က နိူင်အောင်ကျော်(သေဆုံး)၊၂၅နှစ်၊(ဘ)ဦးစိုးမင်း၊တောင်ကိုင်းကျေးရွာ၊အမရပူရမြို့နယ်၊ ဟိန်းမင်းခန့်၊၁၈နှစ်၊(ဘ)ဦးစိုးမြင့်နှင့် မြင့်မြတ်စိုး၊၁၈နှစ်၊(ဘ)ဦးမြင့်စိုး၊ဝဲကြီးဆင်ရွာ၊အမရပူရမြို့နယ်နေသူတို့ ၃ဦးသည် MDY 32W/86690 နံပါတ်ပါ TRUCKER အမျိုးအစား ခဲ/လိမ္မော်ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိခဲ့စဉ် အခင်းဖြစ်ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများနှင့် CCTV မှတ်တမ်းများအရ အမျိုးသား ၄ဦးခန့်မှ သေဆုံးသူမောင်းနှင်လာသည့်ဆိုင်ကယ်အား တားဆီးရပ် တန့်စေပြီး ဆိုင်ကယ်ပေါ်မှဆင်းခိုင်းကာ အသင့်ပါလာသည့် ဓါးဖြင့် အဆိုပါလူ ၄ဦးခန့်အနက်မှ အမျိုးသားတစ်ဦးသည် နိူင်အောင်ကျော်၏ လည်ပင်းနှင့်ဂုတ်ပိုးတို့အား အသင့်ပါလာသည့် ဓါးဖြင့် ထိုးသွင်းခဲ့သဖြင့် နိူင်အောင်ကျော်မှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ပြစ်မှုကျူး လွန်သူ အမျိုးသား၄ဦးအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆက်လက်စုံစမ်းခဲ့ရာ နံနက်၅နာရီခွဲအချိန်ခန့်တွင် သေဆုံးသူ နိူင်အောင်ကျော်အား သတ်သွားသည့် အိုးဘိုအရှေ့ခြမ်းရပ်၊တောင်သမန်ကျေးရွာအုပ်စု၊အမရပူရမြို့နယ်နေသူများဖြစ်သော တရားခံ ရန်နိုင်စိုး(ခ)ဖိုးလုံး (ခ)ရွှေသီး၊၂၄နှစ်၊(ဘ)ဦးစိုးလွင်၊ နေထက်အောင်(ခ)ဘရိတ်ကီး၊၁၅နှစ်၊(ဘ)ဦးဖိုးချမ်း၊ ချစ်သဲ(ခ)ချစ်သဲကို၊၁၆နှစ်၊(ဘ)ဦးစန်းညွန့်ဇော်နှင့် ပြည့်ဖြိုးဟန်(ခ)ဝက်ကြိး၊၁၅နှစ်၊(ဘ)ဦးစိုးလင်းဟန်တို့ ၄ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ သက်ဆိုင်ရာမှ အမှုဖွင့်နိုင်ရေးဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။