(ပြည်တွင်း) နိုဝင်ဘာ ၅
တန်ဆောင်မုန်းလပြည့်ညက မြန်မာနိုင်ငံအနှံ့အပြားက မြို့တွင်းလမ်းမပေါ်တွေမှာ ကားတွေ အထပ်မြင့်တွေကနေ ပံ့သကူ အဖြစ် ပိုက်ဆံတွေ ပစ်ချတာရှိနေပြီး လိုက်လံကောက်ယူကြရင်း ကားတိုက်မှုတွေ ဖြစ်ပွားခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် တည်ငြိမ်ပြီး စည်ကားနေတာကို ဖျက်ဆီးလိုတဲ့ အဖျက်သမားတွေကလည်း ပံ့သကူဆိုပြီး ပိုက်ဆံတွေအစား တစ်ရူးတွေပသ်ချလို့ လိုက်ကောက်ရင်း ကာတိုက်မှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
” ရှေ့က ကားက ပိုက်ဆံတွေပစ်ချတယ် ထင်ပြီး ပြေးလုကြတာ တစ်ကယ်တော့ ပိုက်ဆံမဟုတ်ဘူး တစ်ရှုးတွေ ပစ်ချတာတဲ့ နောက်ကကားနဲ့ တိုက်ပြီးမှ သိရတာ” လို့ ဒဂုံအရှေ့မြို့နယ်မှာရှိတဲ့ မေတ္တာသင်္ဂနာရေးကူညီမှုအသင်းက ကိုမင်းဒင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နဲ့ မြောက် ဥက္ကလာပမြို့နယ်တို့မှာ လူ ၁၂ ယောက်လောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး မြောက်ဥက္ကလာပ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အခြေစိုက် မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်းကနေ သိရပါတယ်၊၊
နေပြည်တော် ပျဥ်းမနားမြို့ ပန်းခင်းမီးပွိုင်အနီးမှာ ပံသုကူပစ်ပြီးလမ်းဘေးတွင်ရပ်ကြည့်နေတဲ့ ၁၁နှစ်အရွယ် မိန်းကလေးကို ကားတိုက်မိပြီး ခြေ လက် ဘယ်ဘက်မျက်လုံး ထိခိုက်ဒဏ်ရာတွေ ပြင်းထန်စွာရရှိခဲ့လို့ မိုးစေတနာ ပရဟိတအသင်း ပျဥ်းမနားရုံးမှ လူနာတင်ယာဥ်နဲ့ ပျဥ်းမနားမြို့ ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးမှ နေပြည်တော် ကုတင် ၁၀၀၀ဆံ့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါအပြင် နေပြည်တော် ပျဥ်းမနားမြို့ လက်ပန်ခါးလှ ကျေးရွာအနီးမှာ ပိုက်ဆံကောက်နေတဲ့ အမျိုးသား ၁ ဦးနဲ့ ကိုရင်လေး ၁ ပါးကိာ ဆိုင်ကယ်မောင်းနှင်သူအမျိုးသားက ဝင်ရောက်တိုက်မိတယကြောင့် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိထားလို့ အသင်းပိုင်ယာဥ်နဲ့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့ လည်း အဆိုပါအသင်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးနဲ့နေပြည်တော်ရှိ မြို့နယ်တချို့မှာ နိုဝင်ဘာ ၄ ရက်၊ ညပိုင်းက ပံ့သကူကောက်ရင်း ထိခိုက် ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ဓာတ်ပုံံ – မိုးစေတနာ၊မေတ္တာသင်္ဂ
#PAN