မျက်နှာကျက်တွင် သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား

(မှူ့ခင်း) အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့ နယ်၊ စိန်ပန်းရပ်ကွက်၊ အကွက် (၃၃၆)၊ ယာဉ်ပုံရပ်၊ ၉၀×၉၁ လမ်း ကြား၊ ၃၆×၃၇ လမ်းကြား၌ ယမန်နေ့မွန်းလွဲ ၃ နာရီ ၂၃ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုဖြစ်စဥ်တွင် မနီလာဆွေ၏ နေအိမ်အပေါ်ထပ် မျက်နှာကျက်တွင် သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မျက်နှာကျက်မှတဆင့် အောက်ခြေရှိမွေ့ယာသို့ မီးကူးစက်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မနီလာဆွေ၏ ၁၅×၂၅ ပေ၊ ပျဉ်ခင်း၊ သွပ်မိုး၊ ထရံကာ(၂)ထပ်နေ အိမ်အပါဝင် နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွှဲ ၃ နာရီခွဲကျော်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးပေါ့ဆစွာသုံးစွဲသူ တင်ဇာ‌နေဝင်း(ခ)တင်ဇာ၊ ၃၆ နှစ်၊ (ဘ)ဦး‌နေဝင်း၊ မှီခို၊ ၉၀×၉၁ လမ်းကြား၊ ၃၆×၃၇ လမ်း ကြား၊ အကွက်(၃၃၆)၊ ယာဉ်ပုံရပ်၊ စိန်ပန်းရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူအား ဥပဒေအရအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

PAN