NUG လက်ဝေခံ အကြမ်းဖက် PDF အဖွဲံနှင့် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲများက ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရာအဆောက်အအုံများနှင့် ပြည်သူလူထု၏နေအိမ်များအား မီးရှိဖျက်ဆီး

(ပြည်တွင်း) အောက်တိုဘာ ၂၈

NUG လက်ဝေခံ အကြမ်းဖက် PDF အဖွဲ့နှင့် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းမှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်/စခန်းများအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းများပြုလုပ်၍ အဆိုပါဒေသအတွင်းရှိ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူးမြို့နှင့် မရသိမ်ကျေးရွာအပါအဝင် အချိုမြို့/ရွာများတွင် ဝင်ရောက်နေရာယူကာ စာသင်ကျောင်းများ၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများတွင် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများအား ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန်အတွက် အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများ ဆောင်ရွက်၍ နယ်မြေခံလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ NUG လက်ဝေခံ အကြမ်းဖက် PDF အဖွဲ့နှင့် KIA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြိုအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် အင်အားအလုံးအရင်းဖြင့် မြို့လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ဒေသခံ ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများအပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်း များက အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအပါအဝင် အခြားလိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တပ်မတော်စစ်ကြောင်းများက ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို စနစ်တကျစုဖွဲချီတက်ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် ဗန်းမောက်မြို့၏ အနောက်ဘက်နှင့် အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် NUG လက်ဝေခံ အကြမ်းဖက် PDF အဖွဲ့နှင့် KIA အကြမ်းဖက်သောင်းကျန်းသူများက ဗန်းမောက်မြို့အတွင်းရှိ ပြည်သူပိုင်နေအိမ်အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှိဖျက်ဆီးနေကြောင်း မျက်မြင်တွေ့ရှိရကြောင်း သိရသည်။

ထိုကြောင့် အကြမ်းဖက်သောင်းကျန်းသူများ မီးရှိဖျက်ဆီးခဲ့သည့် ဗန်းမောက်မြို့အတွင်းရှိ အဆောက်အအုံများအား မီးအမြန်ဆုံးငြှိမ်းသတ်နိုင်ရေး အခြားသောဗန်းမောက်မြို့ နေ ပြည်သူလူထု၏ အဆောက်အအုံများ မီးကူးစက်မှုမရှိစေရေး၊ ထပ်မံ၍ အခြားအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှု မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများက ရင်ဆိုင်တိုက်ခိုက်လျက်ရှိသည့် လက်ကျန်အကြမ်းဖက် သောင်းကျန်းသူများအား အမြန်ဆုံးလက်စတုံး တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရသည်။

PAN