(မှုခင်း) အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ အောက်တိုဘာ ၁၈ ရက်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးယူနေကြောင်း သတင်းအရ ဝိုင်းမော်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဝိုင်းမော်မြို့နယ်၊ ဝေဘာကျေးရွာနေ ဆွန်လွတ်နော်(ခ)မာနော်၊ ၂၃ နှစ်သည် ရုံးခန်းအတွင်းရှိ ဆလိုက်အလူမီနီယံဘောင်နှင့် မှန်တံခါးချပ် ၄၆ ချပ်၊ ဆလိုက်အလူမီနီယံတံခါးပြေးလမ်း ၂ ၃ စုံ၊ လှေကားစတိုခန်းတွင် ကာရံထားသော သံချောင်း ၂၅ ချောင်း၊ အိမ်ထောင်သည်လိုင်းခန်းရှိ တံခါးဂျက် ၃၂ ချောင်းနှင့် တံခါး လက်ကိုင်ကွင်း ၃၄ ခု (စုစုပေါင်းတန်ဖိုးငွေ ၉,၄၈၂,၀၀ဝိ/-)တို့အား ဖြုတ်ယူခိုးသွားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ ဆွန်လွတ်နော်(ခ)မာနော်အား ဝိုင်းမော်မြို့မရဲစခန်း (ပ)၅၃/၂၀၂၅၊ ပြည်သူ ပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။