(မှုခင်း) အောက်တိုဘာ ၁၅

နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ ဖြုတ်ခွဲကျေးရွာက အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ ၈ တန်းကျောင်းသားဟာ မိဘတွေအိမ်မှာမရှိချိန် အိမ်ထဲမှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်ခဲ့တာဖြစ်ပြီး တောထဲသို့ ငရုတ်သီးခူးသွားရာက ပြန်လည် ရောက်ရှိလာတဲ့ သေဆုံးသူရဲ့မိခင်ကတွေ့ဆုံခဲ့တာလို့ အခင်းဖြစ်ပတ်ဝန်းကျင်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ (၇)ရက်ခန့်က တစ်ရွာတည်းနေ ဦးမျိုးဇော်ရဲ့ နေအိမ်ဈေးဆိုင်ကနေ ပိုက်ဆံခိုးယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူအများရှေ့မှာ ပြောဆိုဆုံးမခဲ့တာကို ရှက်တာကြောင့် ကြိုးဆွဲချသတ်သေသွား တာဖြစ်နိုင်တယ်လို့ တစ်ရပ်ကွက်တည်းနေသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူ ကလေးငယ်ရဲ့ရုပ်အလောင်းကိုတော့ ဇေယျာသီရီမြိုနယ်မြိုနယ်ပြည်သူ့ဆေးရုံ (ကုတင်-၅၀)မှာ ယာယီဖွင့်လှစ်ထားတဲ့ နေပြည်တော် ကုတင်(၃၀၀) ဆေးရုံကြီးပြင်ပလူနာဌာနကို သဗ္ဗသုခ နာရေးကူညီမှုအသင်းမှယာဉ်နဲ့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။