(မှုခင်း) ဧပြီ ၃၀

နေပြည်တော် ၊ ဥတ္တရသီရိ မြို့နယ်တွင် ကဆုန်လပြည့်နေ့ ဗုဒ္ဓဂယာဘုရားဖူးပြီး ပြန်လာသည့် သုံးဘီးဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်၁၁ နာရီအချိန်ခန့်တွင် တပ်ကုန်းမြို့မှ ယာဥ်မောင်းအပါဝင် လူ၁၆ဦးလိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်သည် ဗုဒ္ဓဂယာဘုရား ဖွားပွင့်ဟောစံ အဆင်းလမ် အဆင်းလမ်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးဘီးယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၂၀ ကျော်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ၏ ရုပ်အလောင်းအား နေပြည်တော်ကုတင် ၁၀၀၀ပြည်သူဆေးရုံ သို့ပို့ထားပြီး ဒဏ်ရာရရှိသူများအား ကုတင် ၃၀၀ ကိုပို့ဆောင်ထားကြောင်း သိရသည်။