PDF က လက်နက်ကြီးနဲ့ပစ်ခတ်လို့ မကျီးတောဆရာတော်နဲ့ ကျေးရွာသားတွေဒဏ်ရာရ သေဆုံးမှုရှိခဲ့

(ပြည်တွင်း) အောက်တိုဘာ ၁၀

PDF အကြမ်းဖက်သမားတွေက နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် မကျီးတောရဘုန်းကြီးကျောင်း ဆရာတော်အပါအဝင်ကျေးရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို သေဆုံးမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာကို အောက်တိုဘာ ၈ ရက်နေ့ မနက် ၈ နာရီမှာ PDF အကြမ်းဖက်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

PDF တွေလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အချိန်မှာ မကျီးတောရဘုန်းကြီးကျောင်း ဆရာတော် ဥူးရေဝရ သက်တော်(၃၃)နှစ်၊ ဝါတော်(၅)ဝါဟာ နွားထိုးကြီးမြို့နယ်၊ အမန်းကုန်း ကျေးရွာနေသူများဖြစ်ကြတဲ့ မမိုးသူဇာ(၅)နှစ်၊ မောင်စည်သူအောင်(၁၄)နှစ်၊ မဖြူဖြူ(၂၄)နှစ်၊ မဖြူနှင်းဖွေး(၁၄)နှစ်တို့နဲ့အတူ သာသနာရေးကိစ္စဆွေးနွေးနေချိန်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။  

လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မမိုးသူဇာ မှာ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး ဆရာတော် ဥူးရေဝရပါ လေးဦးတို့မှာလည်း ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့တာကြောင့် ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။

#PAN