(ပြည်တွင်း) အောက်တိုဘာ ၁၀
“၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” ဆိုတဲ့ မြေစိုက်ပိုစတာတွေ နိုင်ငံတစ်ဝှမ်းမှာစိုက်ထူနေတဲ့အပြင် UEC ကလည်း မဲစာရင်းကြေညာထားတဲ့ရက်ကို ထပ်တိုးပေးထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်သောင်းကျန်းသူတွေရှိနေသေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း မြေစိုက်ပိုစတာတွေကိုစိုက်ထူနေပြီး မြိုတော် မုံရွာမြိုအပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ အရာတော်၊ ကသာ၊ ကျွန်းလှ၊ ဖောင်းပြင်နဲ့ ဟုမ္မလင်းမြို့တွေမှာလည်း စိုက်ထူတာတွေရှိတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။
အခုလိုကြေညာဆိုင်းဘုတ်တွေကိုစိုက်ထူတာဟာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကို အထောက်အကူဖြစ်စေဖို့ရည်ရွယ်တယ်လို့ UEC နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ပြောဆိုချက်အရ သိရပါတယ်။

မဲဆန္ဒရှင်တွေက မဲစာရင်းလာရောက်ကြည်ရှုမှသာ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်း ရရှိနိုင်မှာဖြစ်လို့ မဲစာရင်းတွေကို ၉ လပိုင်း ၃၀ ရက်နေ့ကနေ ၁၀ လပိုင်း ၁၃ ရက်နေ့ အထိ ပထမအကြိမ်ကပ်ထားတယ်လို့ UEC ကပြောဆိုထားပါတယ်။
အဲ့ဒီနောက် အောက်တိုဘာ ၁၃ ရက်နေ့အထိကြေညာထားတဲ့ မဲစာရင်းတွေကို အောက်တိုဘာ ၂၀ နေ့အထိ ထပ်တိုးကပ်ပေးထားမယ်လို့ UEC က ထပ်မံကြေညာထားပြီး မဲစာရင်းလာရောက်ကြည့်ရှု့ကြဖို့ကိုလည်း ထပ်မံတိုက်တွန်းနှိုးဆော်ထားပါတယ်။

UEC က ကြေညာထားတဲ့ မဲစာရင်းကို ကျေးလက်နေပြည်သူတွေထက် မြို့ပေါ်နေပြည်သူတွေက အများဆုံးလာရောက်ကြည့်ရှု့ကြပြီး ပြင်ဆင်ဖြည့်စွက်ဖို့တောင်းဆိုတာတွေရှိသလို ကန့်ကွက်သူတစ်ချို့လည်းသူတယ်လို့ မြေပြင်အခြေအနေကိုသိရှိသူတစ်ဦးက ပြောပါတယ်။
မဲစာရင်းမှန်ကန်ရေးအတွက် မဲဆန္ဒရှင်တိုင်းလာရောက်ကြည့်ရှုဖို့လိုအပ်ပြီး အခက်အခဲကြောင့်လာရောက်မကြည့်ရှု့နိုင်တဲ့ မဲဆန္ဒရှင်တွေအတွက် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကော်မရှင်နဲ့ပူးပေါင်းကာ ဝန်ဆောင်မှုပေးသင့်တယ်လို့ ဆန္ဒရှင်တစ်ဦးက ပြောဆိုထားပါတယ်။
#PAN