(မှုခင်း) အောက်တိုဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ အောက်တိုဘာ ၆ ရက်နေ့နှင့် ၇ ရက်နေ့က ဓားဦးချွန် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၁၂ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နှစ်ကျိပ်ရှစ်ဆူ သီတင်းကျွတ်ဘုရားပွဲ လှည့်လည်ဖျော်ဖြေရေးပွဲအား လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာနေ သန့်ဇင်လတ်၊ ၃၅ နှစ်အား အရိုး/အသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်ထားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရွာကောက်နယ်မြေရဲစခန်း (ပ)၈၂/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ သဲကုန်းကျေးရွာနေ ကျော်ထက်၊ ၄၆ နှစ်အား အရိုး/အသွား ၈ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်ထားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရွာကောက်နယ်မြေရဲစခန်း (ပ)၈၃/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ သာယာကုန်းကျေးရွာနေ လင်းလင်း၊ ၃၀ နှစ်အား အရိုး/အသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်ထား သည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရွာကောက်နယ်မြေရဲစခန်း (ပ)၈၄/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့်ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် အမရပူရမြို့ နယ်၊ ဈေးချိုရပ်ကွက်လမ်းမပေါ်၌ လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်နေ ဝင်းမင်းထက်(ခ)ထက်ကြီး၊ ၄၂ နှစ်အား မသင်္ကာတွေ့ရှိရ၍ စစ်ဆေးခဲ့ရာ ၎င်း၏ခါးကြားမှ အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဝင်းမင်းထက်(ခ)ထက်ကြီး အား အမရပူရမြို့မရဲစခန်း (ပ)၃၂၉/၂၀၂၅၊ လက်နက်ဥဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
