ဇမ္ဗူသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံး


(မှုခင်း) အောက်တိုဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ အောက်တိုဘာ ၇ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ တော်ဝင်ရတနာလမ်းနှင့် ပဒုမ္မာလမ်းဆုံ၌ တော်ဝင်ရတနာလမ်းအတိုင်း စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ ရွှေကြာပင်မီးပွိုင့်ဘက်သို့ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာနေသူများဖြစ်သည့် မဆုစန္ဒီထက်၊ ၂၅ နှစ် မောင်းနှင်ပြီး မနှင်းဝေလှိုင်၊ ၂၉ နှစ် လိုက်ပါလာသည့် ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ တော်ဝင်ရတနာလမ်း၏ဝဲဘက်ရှိ ပဒုမ္မာလမ်းသွယ်ဘက်သို့ ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့မောင်းနှင်စဉ် တော်ဝင်ရတနာလမ်းအတိုင်း မျက်နှာချင်းဆိုင်ဘက်မှ ဒဏ္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာနေ ဦးမျိုးနိုင်ဦး၊ ၃၄ နှစ် မောင်းနှင်လာသည့် MDY-12/4G-XXXX HILUX VIGO မော်တော်ယာဉ်နှင့် တိုက်မိခဲ့သဖြင့် မဆုစန္ဒီထက်နှင့် မနှင်းဝေလှိုင်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် သိရသည်။

မဆုစန္ဒီထက် အား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း ယာဉ်(ပ)၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

PAN