ဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးကို နိုင်ငံတော်ယာယီသမ္မတက ငါးသလောက်ပေါင်းနဲ့နို့ တည်းခင်းဧည့်ခံ

(နိုင်ငံတကာ) စက်တင်ဘာ ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ကိုအသွား ခရီးတစ်ထောက်နားခဲ့တဲ့ နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်မှာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich ကို နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာ့ရိုးရာ ဒေသအစားအစာတွေနဲ့ တည်ခင်းဧည့်ခံလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ အသင့်ပြင်ဆင်လာတဲ့ မြန်မာ့ရိုးရာအစားအစာတွေဖြစ်တဲ့ လက်ဖက်အုပ်၊ လက်ဖက်ရည်၊ အသင့်ချက်ပြုတ်လာတဲ့ ငါးသလောက်ပေါင်းတွေနဲ့ တည်ခင်းဧည့်ခံခဲ့တာဖြစ်ပြီး နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေက မြိန်ယှက်စွာသုံးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာ့ရိုးရာစားသောက်ဖွယ်ရာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သလို ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မယ့်အခြေအနေတွေနဲ့ ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့ကို အထူးလေယာဉ်နဲ့ ဆက်လက်ထွက်ခွာရာ ညပိုင်းမှာ မော်စကိုမြို့ ဘနူကာဘာအပြည်ပြကည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိတယ်လို့ သိရပါတယ်။