


(ပြည်တွင်း) စက်တင်ဘာ ၂၅
နောင်ချိုနဲ့ ကျောက်မဲမြို့တွေမှာ စစ်ရှုံးနေတဲ့ တအောင်းလက်နက်ကိုင် TNLA အကြမ်းဖက်အဖွဲ့တွေဟာ ကျောက်မဲမြို့နဲ့ သီပေါမြို့တွေက ဒေသခံအရပ်သား ၁၀ ဦးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေး(ဒလန်) ဆိုပြီးစွပ်စွဲကာ ထပ်မံဖမ်းလိုက်တယ်လို့ သိရပါတယ်။
TNLA ရဲ့စွပ်စွဲချက်မှာတော့ PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်းက TNLA ရဲ့ ဂိတ်နေရာတွေ၊ ဂိတ်တွင်းက လူအင်အား၊ လက်နက်အင်အားတွေ၊ ဌာနဆိုင်ရာအင်အားတွေနဲ့၊ တပ်စခန်းနေရာတွေအပြင်၊ လူစုလူဝေးများတဲ့နေရာတွေမှာ သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုတွေပြုလုပ်တဲ့အပြင် ထိရောက်မှုရှိမရှိကို စုံစမ်းထောက်လှမ်းသူတွေကို ဖမ်းဆီးတာလို့ ဆိုပါတယ်။
အခုဖမ်းဆီးလိုက်သူတွေဟာ တပ်တွေလွယ်ကူစွာဝင်ရောက်နိုင်မယ့် လမ်းနဲ့ ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့ခဲ့သလို မြို့အတွင်းကို လမ်းလျှောက်ခြင်း ၊ ဆိုင်ကယ်၊ လိုင်းကား ၊ အိမ်ကားစီနှင်းခြင်း သူဌေးယောင်ဆောင်၊ သူတောင်းစားယောင်ဆောင်၊ ခရီးသွားယောင်ဆောင်ကာ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ပြီး သတင်းတွေကို ထောက်လှမ်းရယူသူတွေလို့ TNLA က ကြောင်းမဲ့ စွပ်စွဲပါတယ်။
ဒါ့အပြင် အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာမှာလည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်တဲ့ လူရှင်းတဲ့နေရာတွေမှာ လူချင်းတွေ့ပြီး တစ်ဦးနဲ့တစ်ဦးသတင်းပေးပြီး စစ်ကောင်စီတပ်ထံ အွန်လိုင်းပလက်ဖောင်းဖြစ်တဲ့ Viber/ Facebook/ Wechat/ Telegram တွေနဲ့ သတင်းပေးပို့ခဲ့ကြတယ်လို့ TNLA ကပြောပါတယ်။
အကြမ်းဖက်ခြေမှုန်းရေးနည်းလမ်းတွေအတိုင်း တပ်မတော်က မြစ်ပြတ်ချေမှုန်းနေတာကြောင့် အထိနေသလို စစ်ရှုံးနေတာကြောင့် ကျောက်မဲကနေ ဆုတ်ခွာထွက်ပြေးရတော့မယ့် တအောင်းလက်နက်ကိုင်သောင်းကျန်းသူတွေဟာ ဒေသတွင်းနေထိုင်တဲ့ပြည်သူတွေကို သတင်းပေး၊ ဒလန်အမည်တပ်ကာ ဖမ်းဆီးသတ်ဖြတ်မှုတွေပြုလုပ်လာတာဖြစ်ပါတယ်။