


(ပြည်တွင်း) စက်တင်ဘာ ၂၂
ဖားကန့်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ KIA/PDf ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် စစ်ဘေးတိမ်းရှောင်မှုတွေရှိနေတယ်လို့သိရပါတယ်။
ဖားကန့်မြို့က ဘာသာရေးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေဟာ ဖားကန့်နဲ့နီးတဲ့မြို့ တွေကို မော်တော်ယာဥ်တွေနဲ့ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ အလံဖြူတွေ ထောင်ထားတဲ့ မော်တော်ယာဥ်တွေဟာ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင် စတဲ့မြို့တွေကို ဦးတည်ထွက်ခွာနေကြတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် KIA/PDF ပူးပေါင်း အဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီး
ခေတ္တဆုတ်ခွာထားတဲ့ စခန်းကုန်းတွေကို နယ်မြေစိုးမိုးရေးအတွက် တပ်မတော်က ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဒေသခံတွေကပြောပါတယ်။
ဖားကန့်မြို့နယ်မှာ တပ်မတော်နဲ့ KIA/PDF ပူးပေါင်းအဖွဲ့တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာ (၁၆)ရက်နေ့ကပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
တပ်မတော်က ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာကို ပြန်လည် ထိန်းချုပ်ပြီးနောက် ဆိုင်းတောင်၊ မှော်ရှန်၊ မန၊ ဆိုင်းဂျာဘွမ်ကျေးရွာအုပ်စုဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပြီး KIA နဲ့ PDF တွေဟာ သူတို့ ထိန်းချုပ်ထားတဲ့ စခန်းကုန်တွေ ပြန်လည်လက်လွတ်ကာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။