
(ပြည်တွင်း) စက်တင်ဘာ ၂၂
နိုင်ငံပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်တွေထဲက နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်းအခန်းက ပုဒ်မခွဲငယ်တစ်ခုကို ယာယီသမ္မတကလက်မှတ်ထိုးပြီး ပြင်ဆင်ပေးလိုက်ပါတယ်။
ယခင်ဥပဒေပါ အခန်း ၃ ပုဒ်မ ၁၂ ပုဒ်မခွဲ(က) အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဟာ လွှတ်တော်အရပ်ရပ်ရဲ့ မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်ကိုပြိုင်ရမှာဖြစ်မပြိုင်နိုင်ရင်တော့ ပါတီအဖြစ်ကနေ ဖျက်သိမ်းရမှာဖြစ်တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။
အခုယာယီသမ္မတရဲ့ဖြေလျော့မှုမှာတော့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဟာ လွှတ်တော်အရပ်ရပ်ရဲ့ မဲဆန္ဒနယ်အားလုံးရဲ့ လေးပုံ ၁ ပုံကိုသာပြိုင်ရမှာဖြစ်ပြီး မပြိုင်နိုင်ရင်တော့ ပါတီအဖြစ်ကနေ ဖျက်သိမ်းရမှာဖြစ်တယ်လို့ ပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်။
အဆိုပါပြင်ဆင်ချက်ကိုတော့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက စက်တင်ဘာလ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။