(မှုခင်း) စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒက္ခိဏသီရိမြို့နယ်၊ စီလမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပျဉ်းမနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် ရန်ကုန် မှ နေပြည်တော်သို့ ပျဉ်းမနားမြို့နယ်၊ ဥယျာဉ်စုရပ်ကွက်နေ ချစ်ကိုကိုဦး၊ ၂၄ နှစ် မောင်းနှင်လာသည့် YGN-22/1E-XXXX MITSUBISHI COLT မီးခိုးရောင်ယာဉ်အား စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ချစ်ကိုကိုဦး အား ဒက္ခိဏသီရိမြို့မရဲစခန်း (ပ)၅၀/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#PAN