
(မှုခင်း)စက်တင်ဘာ ၁၅
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းတောင်ဘက် လယ်ထဲတွင် ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး မြွေကိုက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
မြွေကိုက်ခံရပြီး သေဆုံးသူမှာ ဦးသိန်းဝင်းဆိုသူဖြစ်ပြီး ၎င်းမှာ လယ်ထဲတွင် ကြမ်းတုံးရိုက်ရာမှ မြွေကိုက်ခံရမှုကြောင့် ကုန်းပေါ်တွင်ရှိသော ဇနီးဖြစ်သူအား ပိုးထိသွားကြောင်း အော်ပြောပြီး ချက်ချင်းလဲကျသွားကြောင်းလသိရသည်။
ခင်ပွန်းဖြစ်သူမှ ယခုကဲ့သို့ အော်ဟစ်ပြီး လဲကျသွားသည့်အတွက် ဇနီးဖြစ်သူ ဒေါ်မြစိန်မှ အနီးရှိ သူများအားအကူအညီတောင်းပြီး ကုန်းပေါ်ဆွဲတင်ချိန်တွင် အသက်မရှိတော့ကြောင်း သိရသည်။