
(ပြည်တွင်း) စက်တင်ဘာ ၁၂
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ပြည်တွင်းအခြေစိုက် သတင်းဌာနက နိုင်ငံခြားတစ်ချို့ ပြည်ပအခြေစိုက်သတင်းဌာနတွေက သတင်းထောက်တွေက သတင်းရယူဖို့ ဆန္ဒရှိနေတယ်လို့ နိုင်ငံခြားသတင်းထောက်များအသင်းထံက သိရပါတယ်။
ဒီလိုသတင်းဌာနတွေအနေနဲ့ ရွေးကောက်ပွဲသတင်းရယူနိုင်ဖို့ သူတို့အတွက်ကို ဗီဇာပေးဖို့ရှိမရှိ ရှိခဲ့ရင် ဗီဇာကို ဘယ်ကိုလိမ့်မူပြီးတော့ လျှောက်ရမလဲ ရွေးကောက်ပွဲမတိုင်ခင် ဘယ်နှစ်ရက်လောက်စောပြီး ပြည်ဝင်ခွင့်ရနိုင်မလဲဆိုတာကိုသိလိုတယ်လို့ စက်တင်ဘာ ၁၁ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတစ်ခုက မေးမြန်းခဲ့တာကိုတွေ့ရပါတယ်။
အဲဒီမေးမြန်းချက်နဲ့ပတ်သက်ပြီး ပြန်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲမှာလေ့လာစောင့်ကြည့်ရေးအပိုင်းနဲ့ မီဒီယာဆိုပြီး ၂ ပိုင်းရှိပြီး ပြည်တွင်းမီဒီယာအတွက် ထုတ်ပြန်ချက်တွေထုတ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း လေ့လာခွင့်ရမှာဖြစ်သလို သတင်းမီဒီယာကောင်စီနဲ့လည်းပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ပြည်တွင်းအခြေစိုက် ပြည်ပသတင်းမီဒီယာတွေနဲ့ ပြည်ပမီဒီယာတွေအနေနဲ့ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်နေပြီး လျှောက်ထားတဲ့အခါမှာ ပြန်ကြားရေးဝန်ကြီးဌာနကိုလျှောက်ထားရမှာဖြစ်သလို ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ပြီးတော့ သူ့ရဲ့ အကြံပြုချက်နဲ့ပတ်သက်ပြီးတော့မှလေ့လာခွင့်ပြုမှာဖြစ်တယ်လို့ သူကပြောပါတယ်။
လျှောက်ထားရမယ့်အချိန်နဲ့နေရာတွေကို အချိန်မှီထုတ်ပြန်ပေးသွားမယ်လို့ ပြန်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောဆိုခဲ့ပါတယ်။
NLD အစိုးရကပြုလုပ်ပေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို လေ့လာသတင်းယူခွင့်တွေကို NLD အစိုးရက ခွင့်မပြုခဲ့ပေမယ့် နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကပြုလုပ်မယ့် ၂၀၂၅ အထေွထွေရွေးကောက်ပွဲကို နိုင်ငံတကာကလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေအနေနဲ့ စောင့်ကြည့်သတင်းရယူနိုင်ရေး ကြိုးပမ်းမှုတွေရှိနေတယ်လို့ သိရပါတယ်။
#PAN