ချောင်းမရွာတိုက်ပွဲတွင် ULF (PDF) စစ်ကြောင်းမှူးသေဆုံး

(ပြည်တွင်း) စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ၊ကနီမြို့နယ် ချောင်းမရွာကို ရောက်ရှိနေတဲ့ တပ်မတော် စစ်ကြောင်းနဲ့ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ Union Liberation Fornt(ULF) PDFအဖွဲ့တို့ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၁၁ နာရီဝန်ကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် ULFအဖွဲ့မှ စစ်ကြောင်းမှူး နိုင်မင်းအပါအဝင် ခေါင်းဆောင်ပိုင်း ၃ ဦး သေဆုံးတယ်လို့ မြေပြင်သတင်းအရင်းအ​​မြစ်တွေက ပြောပါတယ်။

အကြမ်းဖက် PDF(ULF) အဖွဲ့ကို ဦးဆောင်သူ နိုင်မင်း ဟာ ယင်းမာပင်မြို့နယ် ကျောင်းမှော်အုပ်စု အင်းပတ်ကျေးရွာမှာနေထိုင်သူလို့သိရပြီး ပြီးခဲ့တဲ့နှစ်က ချစ်တွင်းမြစ်အရှေ့ဘက်ကမ်းတိုက်ပွဲတွင် ခြေထောက်ဒဏ်ရာရရှိထားတာကြောင့် စက်တီးရိုးချိုင်းထောက်အသုံးပြုထားသူလည်း ​ဖြစ်တယ်လို့ သတငအရင်းအမြစ်တွေကပြောပါတယ်။

PAN