(ပြည်တွင်း) ဇူလိုင် ၁၈
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီကစပြီး နောင်ချိုမြို့ကို တပ်မတော်ကအလုံစုံသိမ်းပိုက်လိုက်ပြီးတဲ့နောက် အကြမ်းဖက်သောင်းကျန်းသူတစ်ချို့နဲ့ လက်နက်ကိုင်တစ်ချို့ အလင်းဝင်ရောက်မှုတွေရှိလာတယ်လို့ သိရပါတယ်။

TNLA အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ DPLA အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် MDY-PDF အမျိုးသား ၃ ဦး၊ အမျိုးသမီး၂ ဦး၊ စုစုပေါင်း အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂ ဦး ဟာ ဇူလိုင် ၁၇ ရက်နေ့က အလင်းဝင်ရောက်လာတာလို့ ထုတ်ချက်အရ သိကပါတယ်။
အခုလိုအလင်းဝင်ရောက်လာတာဟာ တပ်မတော်ရဲ့အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး J(Counter- Terrorism Operation)တွေနဲ့ တောင်ခမ်းဒေသတစ်ဝိုက်နဲ့ နောင်ချိုမြို့တို့ကို တပ်မတော်က အပြီးတိုင်ပြန်လည် ထိန်းချုပ် နိုင်ခဲ့မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြကြောင့်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမားတွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် စိတ်ပျက် နောင်တရတဲ့အပြင် နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ သဘောထားအမှန်တို့ကို နားလည်သဘောပေါက်လက်ခံလာတာတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်အချို့နဲ့ PDFအမည်ခံအဖွဲ့ဝင်အချို့ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
#PAN