တံတားမြို့တွင်ယာဥ်စစ်ပိတ်ဆို့ဆောင်ရွက်နေစဥ် အမျိုးသားတစ်ဦးကိုWY-မူးယစ်ဆေးဝါး(၄၃)ပြားနှင့်အတူဖမ်းမိ

(မှုခင်း) ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် တံတားမြို့မှ သုံးခွမြို့သွား ကားလမ်းမပေါ်တွင် ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်နေကြစဉ် အမျိုးသားတစ်ဦးအား WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၄၃)ပြားနှင့်အတူတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ ညနေ၄ နာရီခွဲအချိန်ခန့်က တံတားမြို့နယ်မြေရဲစခန်းမှနယ်ထိန်းအရာရှိ  ဒုရဲအုပ် သန်းအောင်၊ရဲတပ်သား သန်းဟန်၊ ရဲတပ်သား ဖြိုးဇင်မင်းထက် တို့အဖွဲ့သည် သက်သေနှင့်အတူ ဇီးဖြူပင်ကျေးရွာ အဝင်လမ်းဆုံ၊ တံတားမြို့မှသုံးခွမြို့သွား ကားလမ်းမပေါ်တွင် ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်နေစဉ် မြောက်မှ တောင်သို့ တင်ဝင်းရှိန် (၅၆)နှစ်၊ (ဘ)ဦးကိုလေး၊ အောင်သ ပြေလမ်း၊ အမှတ်(၃)ရပ်ကွက်၊ သုံးခွမြို့စီးနင်းလာသော ဘက္ထရီစက်ဘီးအား ရပ်တန့်စစ်ဆေးခဲ့ကြသည်ဟု သိရသည်။

ထိုသို့စစ်ဆေးခဲ့ရာတင်းဝင်းရှိန် ဝတ်ဆင် ထားသော အဖြူ/အပြာကွက်များပါသည့် အမျိုးသား ဝတ်ရှပ်အင်္ကျီလက်ရှည်၏ အင်္ကျီအိတ်ကပ်အတွင်းတွင် အမဲရောင်ပလတ်စတစ်အိတ်ဖြင့်ပတ်ထားပြီး အကြည်ရောင်ပလတ်စတစ်ပိုက်အတွင်း WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၀)ပြားစီပါ ပိုက်(၄)ချောင်း၊ (၃)ပြားပါ ပိုက်အသေး(၁)ချောင်း၊ စုစုပေါင်းဆေးပြား (၄၃)ပြား၊ခန့်အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့် ရေးသွင်း သိမ်းဆည်းခဲ့ကြသည်ဟု သိရသည်။

သို့ဖြစ်၍မူးယစ်ဆေးဝါးများအား ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ တင်ဝင်းရှိန်အား တံတားနယ်မြေရဲစခန်းမှနယ်ထိန်းအရာရှိဒုရဲအုပ်သန်းအောင်မှတရားလိုလုပ်၍မယ(ပ)၁/၂၀၂၅၊မူး/စိတ်ဥပဒေပုဒ်မ-၁၉(က)ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။

ကိုကျော်ဌေး (ကျောက်တန်း)

#PAN