မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် မြွေကိုက်ခံရ၍ ဆေးလာကုသည့် PDF တစ်ဦး ဖမ်းဆီးရမိ


(ပြည်တွင်း) ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၉×၃၀ လမ်းကြား၊ ၇၄×၇၇ လမ်းကြားရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် မုံရွာခရိုင် PDF အကြမ်းဖက် ရင်း ၅ မှ PDF တစ်ဦးလာရောက်ဆေးကုသစဥ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၉ နာရီကျော်အချိန်ခန့်က မုံရွာခရိုင် PDF အကြမ်းဖက် ရင်း ၅ မှ ထွန်းကျော်စွာ(ခ)ထွန်းနိူင်(ခ)ထွန်းထွန်း၊ ၂၅ နှစ်၊ (ဘ)ဦးမောင်နိုင်၊ စစ်ကိုင်းဒေသကြီး၊ချောင်းဦးမြို့နယ်၊ ကျွဲတက်ကွင်းကျေးရွာနေသူသည် မြွေကိုက်သဖြင့် ဆေးလာရောက်ကုသနေကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေးတာဝန် ရှိသူများမှ သွားရောက် ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံ ထွန်းကျော်စွာ(ခ)ထွန်းနိူင်(ခ)ထွန်းထွန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိတရားခံ ထွန်းကျော်စွာ(ခ)ထွန်းနိူင်(ခ)ထွန်းထွန်းအား စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် ရတဖ (၂၆)တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်သား ထွန်းကျော်စွာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန်စီးကျေးရွာ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေစဥ် သူငယ်ချင်းဖြစ်သူ ရဲတပ်သား အောင်ဆန်းမြင့် နှင့် အတူ ဘီအေ (၆၃) ၂ လက်၊ ၇.၆၂ ကျည် ၃၀၀ တောင့်၊ ကျည်အိမ် ၅ ခုတို့နှင့်အတူ အ​ကြမ်းဖက် PDF အဖွဲ့သို့ ဝင်ရောက်သွားခဲ့ကြောင်း သိရပြီး ၎င်းအား အသေးစိတ် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN