(ပြည်တွင်း) ဇွန်လ ၂၆

ဒေသအသီးသီးမှာ PDF သင်တန်းတက်ရောက်ပြီး ပစ်မှုမကျူးလွန်ထားတဲ့ PDF ၁၉ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နစကအနေနဲ့ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင်ဆန့်ကျင်လျက်ရှိတဲ့ အဖွဲ့အစည်းတွေအတွင်း ရောက်ရှိနေသူတွေကို ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းက အလင်းဝင်လာတဲ့ PDF ၁၉ ကို မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်အပ်နှံတဲ့အခမ်းအနားတစ်ခုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံသင်တန်းကျောင်းမှာ ပြုလုပ်ခဲ့တယ်လို့သိရပြီး အဲ့ဒီအခမ်းအနားကို သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လာတဲ့ PDF ၁ ဦးက သူယူဆောင်လာတဲ့ MA-2 အမျိုးအစား သေနတ်(၁)လက်၊ ကျည် ၅၀ တောင့်နဲ့ ကျည်အိမ် ၂ ခု အပ်နှံခဲ့တာကြောင့် သေနတ် ၁ လက် အတွက် ဆုကြေးငွေကျပ် သိန်း(၅၀)နဲ့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများအတွက် ထောက်ပံ့ငွေတွေ ထောက်ပံ့ပစ္စည်းတွေကို တာဝန်ရှိသူတွေက ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၆ ရက်နေ့က အလင်းဝင်ရောက်လာသူတွေကတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်က PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ ချမ်းအေးသာစံမြို့နယ်က PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စဉ့်ကူးမြို့နယ်က PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ ဝက်လက်မြို့နယ်က PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ အမရပူရ မြို့နယ်က PDF အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ အောင်မြေသာစံမြို့နယ်က PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ မိုးကုတ်မြို့နယ်က PDF အဖွဲ့ဝင်အမျိုးသား ၁ ဦး၊ မတ္တရာမြို့နယ်က PDF အဖွဲ့ဝင်အမျိုးသား ၂ ဦး စုစုပေါင်း ၁၉ ဦး ဖြစ်တယ်လို့ သိရပါတယ်။
ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာသူတွေကို ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး သူတို့ရဲ့မိဘအုပ်ထိန်းသူတွေထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews