(အားကစား) ဇွန်လ ၁၂

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှုအာဗန် ဟာ UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိအဆင့် (၁) သတ်မှတ်ခံ ထားရတဲ့ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ် နဲ့ ယှဉ်ပြိုင် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
အခုပွဲနှင့်ပတ်သက်ပြီး UFC ပရိုမိုးရှင်းဘက်က အတည်မပြုသေးပေမယ့် ဂျိုရှုအာဗန်နဲ့ ဘရန်ဒန်ရွိုင်ဗယ် တို့နှစ်ဦးစလုံးကတော့ အတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။
လာမယ့်ဇွန်လ ၂၈ ရက်၊ အမေရိကန်နိုင်ငံ၊ လပ်စ်ဗီးဂတ်စ်မြို့က T Mobile Arena ရုံမှာ ကျင်းပမယ့် UFC -317 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်းအဖြစ် ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှုအာဗန် က ဘရန်ဒန်ရွိုင်ဗယ်နဲ့ ယှဉ်ပြိုင်ထိုးသတ် ရမှာ ဖြစ်ပါတယ်။
UFC-317 ပြိုင်ပွဲမှာ ဘရန်ဒန်ရွိုင်ဗယ် ဟာ အဆင့် (၆) ရှိတဲ့ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်နဲ့ ပွဲတည်ခဲ့ပေမယ့် ပေါ်တူဂီဖိုက်တာ မာနယ်ကိပ် က ဒဏ်ရာကြောင့် UFC-317 ပွဲကို ယှဉ်ပြိုင်နိုင်ခြင်းမရှိလို့ ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှုအာဗန် က အစားထိုးဝင်ရောက်ထိုးသတ်ရမှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် လူငယ်ဖိုက်တာ ဂျိုရှုအာဗန် ဟာ UFC မှာဆိုရင်တော့ ၈ ပွဲထိုးသတ်ထားပြီး ၇ ပွဲနိုင်၊ ၁ ပွဲသာရှုံးနိမ့်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews